*born warrior & great author part 2*

547 62 2
                                    

တောင်ကုန်းလေးထက်မှာ ကျောက်တိုင်လေးတခု စိုက်ထူထားတယ်
တစုံတယောက်ရဲ့သေဆုံးခြင်းအတွက် အထိမ်းအမှတ်အနေနဲ့ လှပတဲ့ကမ္ဗည်းစာတန်းတခုရော
သည်းထန်စွာရွာနေတဲ့မိုးရေတွေကြောင့် ပတ်ဝန်းကျင်က စွတ်စိုနေတယ်
တောင်ကုန်းပေါ်ရောက်ချိန်အထိ မိုးကမတိတ်သေးပါဘူး
ကျောက်တိုင်ရှေ့မှာ အနက်ရောင်ဝတ်စုံဝတ်ထားတဲ့ အမျိုးသမီးလေးယောက်
တယောက်ကတော့ အဲ့ဒီကျောက်တိုင်အောက်က
ခန္ဓာကိုယ်နဲ့ သက်ဆိုင်သူ
ကျောက်တိုင်မှာ ရေးထိုးထားတာက "ချစ်လှစွာသောသမီးငယ် ဟုန်းမေ" တဲ့
သူမသေတာကို မသိခဲ့တဲ့သူမရဲ့အမေနဲ့
မိတ်ဆွေတွေ
ကျမ ခပ်လှမ်းလှမ်းက သစ်ပင်နောက်မှာကွယ်ပြီး သူတို့ပြန်မယ့်အချိန်ကို စောင့်နေခဲ့တယ်
ကျမကို တွေ့မသွားစေချင်ဘူး
မလိုလားအပ်တဲ့ပြဿနာတွေ ဖြစ်လာနိုင်တာမို့
ထိုသူတွေပြန်သွားပြီး အဝေးရောက်တော့မှ
ကျမ ကျောက်တိုင်လေးဆီကို သွားခဲ့တယ်
အနီရောင်ပျိုနီပန်းစည်းကို ကျောက်တိုင်ရှေ့မှာ ချလိုက်တယ်

"ညီမလေးအတွက် မမ တရားမျှတမှုရယူပေးမယ်"

ကျမ လက်ထဲမှာက သူမဝတ်နေကျ အနီရောင်လက်ပတ်ကြိုးလေးတခု
အဲ့ဒီကြိုးကို ကျမလက်မှာ ပတ်လိုက်ပြီး
သူမကို ကတိပေးလိုက်တယ်
သူမရဲ့လက်ပတ်ကြိုးလေးကျမမှာ ရှိနေခြင်းက
ရဲစခန်းမှာ သူမအလောင်းရှိနေတာကို သိပြီး
ကျမသွားကြည့်ခဲ့တာပါ
ပြီးတော့ အဲ့ဒီလက်ပတ်ကြိုးကို ကျမဖြုတ်ယူလာခဲ့တာ
အဲ့ဒီကလေးနဲ့ ကျမ တခါပဲ ရင်းရင်းနှီးနှီးစကားပြောဖူးပေမယ့် သူ့ကို ကျမ
သံယောဇဉ်ဖြစ်မိပါတယ်
သဘောကျတဲ့စိတ်လေးကို သံယောဇဉ်လို့
ပြောရမယ်မဟုတ်လား
အဲ့လိုမဟုတ်ရင် ဘာလည်း ကျမ မသိဘူး
အဲ့လိုမျိုးခံစားချက်တွေနဲ့ ကျမက ရင်းနှီးတဲ့သူတယောက်မှမဟုတ်ခဲ့တာ

အဲ့ဒီနေ့ကလည်း မိုးတွေရွာနေခဲ့တာ
ဟုန်းမေက ကျမဆီ နွားနို့လာပို့ပြီး ပြန်မယ်လုပ်တော့ မိုးတွေက သည်းလာခဲ့တယ်
အဲ့ဒီကလေးက ကျမဆိုင်ထဲမှာ ခဏထိုင်မယ်ဆိုပြီး ခွင့်တောင်းတယ်
ဒါပေမယ့် ကျမ ခွင့်ပြုပါတယ်လို့မပြောနိုင်ခဲ့ဘူး
လူတယောက်ကို ဘယ်လိုနွေးထွေးရမယ်မှန်း
ကျမ မသိခဲ့ဘူးလေ
ကျမ ဘယ်သူနဲ့မှ နွေးထွေးတဲ့ဆက်ဆံရေးမျိုးမရှိတာကြောင့်
ကျမအနားမှာ ရှိခဲ့တာက ကျမနေရာကို လုယူချင်တဲ့ပြိုင်ဘက်တွေနဲ့ ကျမအသက်ကို
ရန်ရှာချင်နေတဲ့ရန်သူတွေပဲ မဟုတ်လား
အခေါက်ခေါက်အခါခါကြည့်ဖူးတဲ့ ဓာတ်ပုံအယ်လ်ဘမ်ကိုသာ အဆုံးထိရောက်အောင် တရွက်ချင်း လှန်ကြည့်နေမိတယ်
ကျမအနားက အရုပ်လေးကို အဲ့ဒီကလေးက
ဆွဲယူကြည့်မယ်လုပ်တော့လည်း ကျမတားလိုက်ပြန်တာကြောင့် ဟုန်းမေက ပြန်ဖို့အတွက်
ဆိုင်ပြင်ကို ထွက်လိုက်တယ်
အခန်းတံခါးဖွင့်လိုက်တဲ့အခချိန် ခေါင်းလောင်းသံကြားလိုက်ရတာနဲ့ ကျမခေါင်းမော့ကြည့်တော့ ဟုန်းမေက ဆိုင်အပြင်ကိုတောင် ရောက်နေခဲ့ပြီ
မိုးက ရွာနေတုန်းပါပဲ
ဟုန်းမေကလည်း ဆိုင်ထဲပြန်ဝင်ရမလား
မိုးရေထဲပြေးသွားရမလား ဝေခွဲမရပုံပါပဲ
သူမမှာ ထီးကလည်း မပါတာကြောင့်
ကျမ ထီးယူလိုက်ပြီး ဟုန်းမေအနားကို
သွားလိုက်တယ်

"born warrior & great author*(complete)Tahanan ng mga kuwento. Tumuklas ngayon