Yoongiဒီရက်အတွင်းသိပ်အဆင်မပြေ Jungkookဆိုတဲ့တစ်ယောက်က သူအဝတ်လဲနေစဥ်တောင် အခန်းထဲ ခဏခဏပေါ်လာတတ်သည်။ စွမ်းအားရှိတဲ့သူမို့ကြောက်ပေမယ့် ဒေါသထွက်ရသည်။
Yoongiဒီနေ့တော့ဆာကူရာပင်အောက်မှာဆေးရွက်တစ်ချို့ကြိတ်နေမိသည်။ကန္ဓာဆေးရွက်တွေက မြှားဆိပ်သင့်တာတွေအဆိပ်နဲ့ပက်သက်တာအတော်များများကုသနိုင်သည်။
"ကောင်လေး"
သြေံမကြားပဲရောက်လာတတ်တဲ့သူ့ကြောင့်တော်ရုံမလန့်တတ်တော့ နောက်လှည့်ကြည့်မနေတော့ပဲခပ်တည်တည်သာမေးလိုက်သည်။
"ဘာကိစ္စလဲ"
"ရော့"
Yoongiနောက်လှည့်ကြည့်မိတော့ရွှောကြာတွေ သူတို့မခူးဖြစ်လိုက်တဲ့အပင်တွေမလား ပျော်ရွှင်စွာရီလိုက်ရင်း
"ကျေးဇူးပါ မိစ္ဆာကြီးသွားခူးပေးတာလား"
ရွှေကြာပွင့်အားလှမ်းယူရင်းကျေးဇူးတင်မိသည်။
"ငါ့ကိုအဲ့လိုမခေါ်စမ်းပါနဲ့ ဒီတိုင်းအကိုကြီးလို့ခေါ်"
Jungkookကပြောရင်းသူ့ဘေးဝင်ထိုင်လာတဲ့Jkကြောင့်နေရာဖယ်ပေးလိုက်သည်။ဘယ်လိုပဲကြောက်သည်ဖြစ်စေ ကူညီပေးတာတော့ကျေးဇူးတင်ရမည်လေ
"ဟုတ်ကဲ့အကိုကြီး ကျေးဇူးပါဗျ"
"ငါ့ကိုကျေးဇူးမဆပ်ဘူးလား"
Jkဆီကခပ်တည်တည်အမေးကြောင့်ရွှေကြာတွေကိုကြည့်နေတဲ့Yoongiကြောင်အသွားသည်။Jkအားမျက်လုံးဝိုင်းတို့နှင့်ကြည့်ရင်း
"အာ တစ်ခုတော့ရှိတယ် အသက်မသေချင်သေးဘူး"
"အဲ့လောက်မလိုဘူး မျက်စိမှိတ်ပေးရုံပဲ"
Yoongiခပ်မြန်မြန်ခေါင်းငြိမ့်ကာမျက်လွှာတို့မှိတ်ပစ်လိုက်သည်။လေအတိုးအဝှေ့ကြောင့်ပဲလားမသိတစ်ခုခုနီးကပ်နေတာခံစားမိသည်။ လေပူတစ်ချို့မျက်နှာနားတိုးကပ်လာတာခံစားရတာကြောင့်
"အကိုကြီး မကိုက်စားနဲ့နော် "
မျက်လုံးဖွင့်မိကာတားမြစ်လိုက်တော့သူ့ရှေ့ကချောမောတဲ့မျက်နှာကြောင့်ခဏသာတိတ်ဆိတ်သွားရသည်။အကြည့်တစ်ချို့က လေတိုက်နေတဲ့အခိုက်အတန့်အတွင်းပိုမိုနွေးထွေးလာရသလို Yoongiလက်သီးဆုပ်လိုက်မိသည်။ အကြည့်မလွဲနိုင်ဖြစ်နေမိသည်။နီးကပ်လာတဲ့မျက်နှာချောချောကအပြုံးရိပ်သန်းနေသေးသည်။

CZYTASZ
SAKURA BOY
Romansငါထာဝရရှင်သန်ဖို့အချစ်စစ်သွေးဆိုတာဘာကိုဆိုလိုတာလဲ Jeon Jungkook ဆာကူရာဆိုတာအချစ်စစ်ရဲ့အဓိပ္ပါယ်ပဲ...နူးညံ့တယ်သိမ်မွေ့တယ်....မြတ်နိုးဖွယ်ကောင်းတယ် ...