2

705 102 7
                                    

"မားမား.....ဒီပန်းလေးတွေမပွင့်သေးဘူးလား"

ချယ်ရီပင်အောက်ထိုင်ရင်းပြောနေတဲ့သားအားလီဟိုင်ကြည့်ရင်းပြုံးမိသည်။သူ့ဘဝထဲရောက်လာထဲကချစ်ဖို့ကောင်းပြီးထက်မြက်တဲ့သားလေး....ဒါအပြင်ဆာကူရာကိုသိပ်ကြိုက်တတ်သေးတယ်

"သားကလည်းနွေဦးရောက်ဖို့အများကြီးလိုသေးတယ်လေ....သားစောင့်ရဦးမယ်"

ကောင်ငယ်လေးမျက်နှာပျက်ရွင်းသွားချေသည်။သို့ပေမယ့်ထိုကောင်လေးကအိမ်ထဲဝင်လာရင်း

"မားမား....သားဆေးသွားကုလိုက်ဦးမယ်"

ဆေးတွေထည့်ထားတဲ့ပိုးချည်အိတ်လေးကိုလွယ်လိုက်ရင်းပြောလာတဲ့သူ

"သား....လျှောက်သွားမနေနဲ့ဦး...သူဋ္ဌေးရှန့်​ကိုဆေးကုပြီးတာနဲ့ပြန်လာခဲ့နော်....ကြားလားYoongi"

Yoongiခေါင်းငြိမ့်ပြရင်းအပြင်ထွက်လာခဲ့သည်။

➖➖➖➖➖➖➖➖➖➖➖➖➖➖

ဟွာချင်မျိုးဆက်ခံပွဲကျင်းပရာဒီနေ့မှာVimpireမျိုးရိုးမြင့်မှကိုယ်စားလှယ်တွေအသီးသီးတက်ရောက်ကြတယ်.....ရောင်ဝါတောက်ပနေကြပေမယ့်ဟွာချင်မျိုးဆက်ဘုရင်ကိုသာရှုမျှော်မိကြသည်။စွမ်းအားမြင့်ပေမယ့်ကိုယ်ခံအားနည်းတဲ့ဘုရင်အားမဆက်ခံစေချင်ကြ....အဓိကအကြောင်းကတော့သွေးနှောဆိုတဲ့အချက်ပင်....

"Jungkookအရှင်ကသွေးနှောလေ....နိမ့်ကျတဲ့လူသားသွေးတစ်ဝက်ပါနေတာလေ"

"အရှင်ကြားသွားမယ်...."

"ငါတို့တော်လှန်ကြမလား....ဒီနေ့ဆက်ခံပွဲကဟူရန်ဓာတ်လုံးထဲကဆေးရည်ကိုသောက်ပြီးမှဆက်ခံရမှာလေ....ဟူရန်ဓာတ်လုံးကိိုခိုးရအောင်"

"ဟာမလုပ်နဲ့....ဟူရန်ဆိုတာဘိုးဘွားစဥ်ဆက်စောက်ရှောက်ခဲ့တဲ့ဟွာချင်ရဲ့တန်ဖိုးမြှင့်ပစ္စည်းပဲ....ဟွာချင်တစ်ခုလုံးပြိုလဲသွားမယ်"

"မင်းနိမ့်ကျတဲ့ဘုရင်လက်အောက်မှာနေဖို့လား"

"မနေချင်ပေမယ့်ကွာ....အရှင်ကစွမ်းအားလည်းကြီးတယ်....ငါတို့မိသွားရင်အသက်တစ်ဝက်နှုတ်ခံရမဲ့အပြင်ဟူရန်ခိုးတဲ့အတွက်စွမ်းအားတွေရုတ်သိမ်းခံရလိမ့်မယ်....ဒါမှမဟုတ်သတ်တာလည်းဖြစ်နိုင်တယ်"

SAKURA BOYWhere stories live. Discover now