Jkမိမိရှေ့ကအသက်မရှိတော့တဲ့အလှလေးကိုကြည့်ကာအော်ငိုမိသည်။
"ကိုတောင်းပန်ပါတယ် မင်းခန္ဓာကိုယ်ကို ကိုယ်သိပ်ချစ်ရတဲ့မင်းရဲ့ဘဝလေးကိုသူများထိန်းချုပ်ထားတာမလိုချင်လို့ပါကွာ"
Jkနန်းဆောင်ရဲ့နံရံအားလက်သီးဖြင့်အကြိမ်ကြိမ်ထိုးရင်အော်ငိုနေမိသည်။
သူဝူယွင်းကိုသတ်ခဲ့တယ် မှန်တယ် သို့ပေမယ့်ဝူယွင်းကသူ့ဝိဉာဉ်ကိုYoongiကိုယ်ထဲတိုးဝင်ခဲ့တယ်Yoongiကမရှိတော့ဘူးဝူယွင်းကအဆုံးသတ်သွားပေမယ့်သူကတော့ဒီလိုကျန်ခဲ့ရပြီလား ဖြူစင်တဲ့မင်းကအရှုပ်တွေထဲဝင်လာပြီးဒီလိုသေရတာမတရားလိုက်တာကွာ အကိုပဲသေသင့်တာ
အကိုမင်းကိုထပ်စောင့်နေပါမယ်ဆာကူရာပင်ကြီးအောက်မှာ မင်းပြန်မွေးဖွားလာမယ်လို့ကိုယ်ယုံကြည်တယ်
➖➖➖➖➖➖➖➖➖➖➖➖➖➖
နှစ်လေးရာခန့်အကြာ_
"လီဟိုင်ဒီနှစ်ဆာကူရာပင်ကပွင့်လာပါလား Yoongiမရှိတော့တည်းကမပွင့်တော့တာကြာပြီကို"
Jkတစ်ယောက်သူ့အဖေနဲ့လီဟိုင်စကားကြောင့်အပြင်ထွက်လာခဲ့တယ်
*ဟုတ်တယ်ဆာကူရာမပွင့်ခဲ့တာနှစ်ရာချီနေပြီ ဒီနေ့တော့ပွင့်လာခဲ့တယ် မင်းရှိရင်အရမ်းပျော်နေမှာကို*
"အကို"
လေသံတိုးဝှေ့သံနဲ့မင်းအသံကြားရပြန်ပြီ
"အကို"
အပင်ပေါ်မော့ကြည့်တော့သစ်ပင်ပေါ်ကအလှလေး အကိုသိနေတယ် မင်းမွေးဖွားလာမယ်ဆိုတာ
"အကို မားမားရှိသေးလားဟင်"
"အင်းရှိပါသေးတယ် အဖေအချစ်ကြောင့်သာမာန်လူထက်အသက်အဆပေါင်းများစွာရှည်နေပါတယ် အဖေဆီကအသက်ဆက်ပေးတာတွေကြောင့်လေ"
"အကို ကျနော့်ကိုစောင့်နေခဲ့လား"
"ဆာကူရာပင်ကသက်သေပဲ"
"အကို ကျနော်ကအခုဘာလဲသိလား"
"စိတ်ကူးယဉ်ပုံရိပ်လေးဆိုတောင်အကိုမြတ်နိုးပါသေးတယ် "
"အကိုအရမ်းပြောတတ်တာပဲ အကိုပြောသလိုပဲ ကျနော်ကတကယ်မရှိတဲ့အရာလေ အကိုပဲမြင်နိုင်တဲ့အရာပေါ့"

DU LIEST GERADE
SAKURA BOY
Romantikငါထာဝရရှင်သန်ဖို့အချစ်စစ်သွေးဆိုတာဘာကိုဆိုလိုတာလဲ Jeon Jungkook ဆာကူရာဆိုတာအချစ်စစ်ရဲ့အဓိပ္ပါယ်ပဲ...နူးညံ့တယ်သိမ်မွေ့တယ်....မြတ်နိုးဖွယ်ကောင်းတယ် ...