စပ်နေတဲ့မျက်လုံးတွေကအမှောင်ထုကိုသာမြင်နေရတယ် လက်နဲ့ကိုယ်ခန္ဓာအစိတ်အပိုင်းတိုင်းကလှုပ်ရှားဖို့ခက်နေတာယုံကြည်စရာမရှိ ဟွာချင်ရဲ့အင်အားကြီးဘုရင်ငါကလေ
"အား ငါဘယ်ရောက်နေတာလဲ "
မျက်လုံးတွေအားယူဖွင့်မိတော့ချုပ်နှောင်ခံထားရတဲ့ကိုယ်ခန္ဓာအစုံ
နာတယ် ငါသိတယ် ဒါပေမယ့်တစ်စုံတစ်ခုကငါ့ခန္ဓာကိုယ်ထဲမရှိတော့သလိုပဲ အဲ့တာစွမ်းအား စွမ်းအားမရှိတော့ဘူးလား ငါခန္ဓာကိုယ်က အား သေပြီ လူတစ်ယောက်လိုခံစားချက်
"ဝူယွင်း"
မျက်စိရှေ့ယုတ်မာစွာပြုံးနေတဲ့လူယုတ်မာအားအံတင်းတင်းကြိတ်ခေါ်လိုက်သည်
"မင်းထာဝရရှင်သန်ဖို့မရှိတော့ဘူး ဘာလို့ဆိုမင်းကခုချိန်ကစပြီးငါ့လက်အောက်ခံဖြစ်သွားပြီ ငါမင်းကိုအမိန့်ပေးမယ် မင်းခုချက်ချင်းဟွာချင်ကဟူရန်ဓာတ်လုံးကိုယူဆောင်ပေးစမ်း ငါ့အချုပ်အနှောင်တွေအလုပ်ဖြစ်စေ"
Jkခန္ဓာကိုယ်ကမည်သို့မျှမတုန့်ပြန် Jkမသိမသာပြုံးရင်းဟန်ဆောင်တုန့်ပြန်ပေးလိုက်သည်။ထို့နောက်ချုပ်နှောင်ထားတဲ့နွယ်တွေကိုထိမိတော့မည်သည့်သက်ရောက်မှုမှမရှိနေ ဒါဟာ ဟွာချင်ကသွေးစုပ်မိစ္ဆာအတွက်ကိုပဲဖန်တီးထားတဲ့အချုပ်မအနှောင်ပင် ဝူယွင်းမသိသေးတာဖြစ်ပေမယ် ငါဟာလူသားတစ်ဦးကဲ့သို့ဖြစ်သွားတာ
Jkပတ်ဝန်းကျင်ကိုမျက်စိကစားမိတော့ဂူတစ်လုံးထဲဖြစ်ပေမယ်
"နေဦး ဟွာချင်ဘုရင်ကဒီတိုင်းပဲဓာတ်လုံးကိုသွားယူမှာလား လမ်းလျှောက်ပြီးလား"
ဝူယွင်းမသေချာသလိုမေးတော့Jkတဖန်လှည့်ကြည့်ကာ တစ်ခုခုပြောရန်အားယူလိုက်သည်။
"သူကသွေးနှော ကိုယ်ခံအားနည်းနေချိန်စွမ်းအားမသုံးနိုင်ဘူး"
ဂူထဲကအမှောင်နက်နက်နေရာကဟွာချင်နတ်ဆရာကလေသံအေးအေးတုန့်ပြန်လေတယ်
Jkထိုနတ်ဆရာအားသေချာစိုက်ကြည့်တော့သူ့မျက်လုံးကတစ်ခုခုကိုအကူအညီပေးနေတာနားလည်မိတယ်

YOU ARE READING
SAKURA BOY
Romanceငါထာဝရရှင်သန်ဖို့အချစ်စစ်သွေးဆိုတာဘာကိုဆိုလိုတာလဲ Jeon Jungkook ဆာကူရာဆိုတာအချစ်စစ်ရဲ့အဓိပ္ပါယ်ပဲ...နူးညံ့တယ်သိမ်မွေ့တယ်....မြတ်နိုးဖွယ်ကောင်းတယ် ...