ထျန်းကျိုင်းမြို့လယ်မှာဒီနေ့အတော်လူစည်ကားနေသည်။အကြောင်းကတော့ကလေးတစ်ယောက်သရဲပူးသလိုလိုနတ်ပူးသလိုလိုဖြစ်နေတာကြောင့်လူတွေစိတ်ဝင်စားနေကြခြင်းဖြစ်သည်။မြို့လယ်မှာ7နှစ်ကျော်သာရှိသေးတဲ့ကလေးအားကြိုးတုပ်ရင်းနတ်ဆရာကမာန်ပါပါအမိန့်ပေးနေသည်။မိခင်ခမျာလည်းမကြည့်ရက်ပေမယ့်မတတ်နိုင်စွာကြည့်နေရသည်။
"ဟေ့....ဒီခန္ဓာကိုယ်ထဲကမိစ္ဆာကောင်ထွက်ခဲ့စမ်း"
ကလေးငယ်ကိုစူးရဲတဲ့မျက်လုံးနဲ့ကြည့်ရင်းအနီးနားကခွက်ကိုကောက်ကိုင်လိုက်တဲ့နတ်ဆရာ...ခွက်ထဲမှာနီရဲနေတဲ့သွေးအချို့ကထျန်းကျိုင်းပြည်သူတွေကိုအံ့သြစေတယ်....
"ထွက်စမ်း"
အမိန့်ထပ်ပေးရင်းသွေးနှင့်ပတ်လိုက်သည်။ကလေးငယ်ကသည်းထန်စွာငိုနေတော့သည်။လူတွေလည်းဘာဖြစ်နေလဲနားမလည်စွာဆက်သာကြည့်မိသည်။
"ကျမသားလေးကသရဲကပ်တာမဟုတ်ပါဘူးရှင်....ဖျားနေလို့ပါ..."
ငိုယိုရင်းလက်အုပ်ချီကာတောင်းပန်တဲ့မိခင်အားနတ်ဆရာကလက်ညိုးထိုးရင်း
"ထျန်းကျိုင်းကိုမိစ္ဆာတွေရောက်လာပြီ....အဲ့တာကြောင့်ငါရှင်းလင်းနေတာပဲ....နင်ကဝင်ရှုပ်တယ်ပေါ့....ဒါနင့်သားမဟုတ်ဘူး...မိစ္ဆာတစ်ကောင်ပဲ....ဒီမိန်းမကိုဆွဲထုတ်သွားကြ"
နတ်ဆရာအမိန့်ကြောင့်ထျန်းကျိုင်းပြည်သူတွေလဲတစ်မြို့လုံးဒုက္ခမရောက်အောင်ထိုမိန်းမအားဆွဲထုတ်သွားသည်။ဖုန်တွေထဲလူးနေတဲ့ထိုမိန်းမမျက်ရည်တွေကသားဆီကိုသာ...
"ထွက်စမ်း....မထွက်ရင်ဒီကလေးကိုသတ်ရမယ်"
နတ်ဆရာကထပ်ပြောရင်းဘေးကဓားအားဆွဲယူတော့လူတွေလန့်သွားသည်။နတ်ဆရာကလူတွေဘက်လှည့်ရင်
"မင်းတို့ပြော....ငါဒီမြို့ကိုကယ်ဖို့ဒီကလေးကိုသတ်ရမလား"
နတ်ဆရာအမေးအားလူတွေတစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာလှုပ်လှုပ်ရွရွဖြစ်လာသည်။နတ်ဆရာကနှုတ်ခမ်းမွေးကျဲကျဲတွေပေါ်ပွတ်သပ်ရင်းစောင့်နေမိသည်။
ESTÁS LEYENDO
SAKURA BOY
Romanceငါထာဝရရှင်သန်ဖို့အချစ်စစ်သွေးဆိုတာဘာကိုဆိုလိုတာလဲ Jeon Jungkook ဆာကူရာဆိုတာအချစ်စစ်ရဲ့အဓိပ္ပါယ်ပဲ...နူးညံ့တယ်သိမ်မွေ့တယ်....မြတ်နိုးဖွယ်ကောင်းတယ် ...