Yoongi ဒီနေ့မိခင်နေမကောင်းတာမို့ဆေးကုပေးမိသည်။ဆေးရွက်အဖက်တွေအားမိခင်နဖူးပေါ်တင်ကာ
"အမေသက်သာရဲ့လား"
"သက်သာပါတယ်သားရယ်"
"အမေ အကိုကြီးရော"
Yoongiအူကြောင်ကြောင်မေးတော့လီဟိုင်ကပြုံးရင်း
"သူအပြင်သွားတယ် သားအတွက်ဆာကူရာသွားရှာတာ အမေပွင့်ပွင့်လင်းလင်းမေးမယ်နော် သားနဲ့Jungkookကဘာလဲသား"
"မ.....မဟုတ်ပါဘူး သားတို့ကဒီတိုင်းခင်လာကြလို့ပါ"
"အမေကတော့ကြိုသိနေတယ်သား သားတို့နှစ်ယောက်ကြားထဲကံကြမ္မာဆိုးတွေမဝင်လာဖို့ပဲမျှော်လင့်တယ်သား"
"ဘာမှမဖြစ်ပါဘူးအမေရဲ့ ဆန်ပြုတ်သောက်ရအောင်"
➖➖➖➖➖➖➖➖➖➖➖➖➖➖
Jkဆာကူရာတို့ရှာဖွေနေတာထျန်ကျိုင်းတစ်မြို့လုံးနှံ့စပ်နေပြီ လီဟိုင်ကမရှိဘူးပြောပေမယ့်ရှိမှာယုံကြည်သည်။ခုကျတောထဲထိပါရောက်လာရသည်။
"ဝူယွင်း"
ရှေ့မှာမတ်မတ်ရပ်ကာပြုံးကြည့်နေတဲ့အတိတ်ကလူ အောက်လမ်းဆရာကြောင့်နာမည်တစ်ခုကိုခေါ်လိုက်သည်။
"မင်းပြောတဲ့အချိန်လား"
"မင်းနဲ့မဆိုင်ဘူးအဖိုးကြီး"
"မင်းမသိချင်ဘူးလား ဟွာချင်နတ်ဆရာကို"
Jkမျက်လုံးတို့ပြူးကျယ်သည်ထိအံ့သြသွားသည်။
"မင်းကဘယ်လိုသိတာလဲ"
"ငါရဲ့ပညာစွမ်းကိုလည်းအထင်မသေးသင့်ဘူး ဟွာချင်ဘုရင်ကြီး"
ယုတ်မာတဲ့လေသံနဲ့ပြောလာတာကြောင့်အရည်ဖျော်ပစ်ချင်သည်။
"ဘယ်မှာလဲထျန်ကျိုင်းနတ်ဆရာ"
Jkတည်ငြိမ်စွာမေးလိုက်တော့ရှင်းဝူယွင်းကသူ့ရဲ့အိုစာခြောက်ကပ်နေပြီဖြစ်တဲ့မျက်နှာပေါ်ကခပ်ကျဲကျဲနှုတ်ခမ်းမွှေးတွေကိုပွတ်သပ်ရင်းအပေါ်ပျံသန်းလိုက်သည်။နီရဲနေတဲ့သွေးလိုမီးခိုးငွေ့တွေJkမျက်နှာတည့်တည့်မှာပုံရိပ်ပမာပေါ်လာသည်။

KAMU SEDANG MEMBACA
SAKURA BOY
Romansaငါထာဝရရှင်သန်ဖို့အချစ်စစ်သွေးဆိုတာဘာကိုဆိုလိုတာလဲ Jeon Jungkook ဆာကူရာဆိုတာအချစ်စစ်ရဲ့အဓိပ္ပါယ်ပဲ...နူးညံ့တယ်သိမ်မွေ့တယ်....မြတ်နိုးဖွယ်ကောင်းတယ် ...