Part 5

628 50 2
                                    

အပြင်ကကြည့်ရင်ကျဥ်းတယ်ထင်ရပေမဲ့ အိမ်ထဲမှာတော့အတန်အသင့်ကျယ်သည်။ သူဖိနပ်ချွတ်ပြီး အိမ်ထဲ၀င်သွားတော့ ဘယ်သူ့မှမတွေ့ ။

decorationကတော့ မိန်းကလေး နေတဲ့အိမ်ပီပီ ပန်းရောင်နံရံကပ်စက္ကူတွေရယ် စင်ပေါ်တွေမှာ အမွှေးပွအရုပ်တွေ နောက်ပန်းအိုးအပုလေးတွေကိုပါ တွေ့ရ၏။သူများအိမ်မှာ သည်တိုင်းကြီးနေပြီး အမ်းတမ်းတမ်းမဖြစ်ရအောင် နံရံပေါ်မှာချိတ်ထားတဲ့ ဓာတ်ပုံတွေကိုလိုက်ကြည့်နေရင်း ခွန်းဆိုတဲ့ကောင်လေးကအရွက်တွေထည့်ထားတဲ့ဗန်းကိုကိုင်ပြီးပေါ်လာသည်။ ဘောင်းဘီရှည်ကိုခေါက်တင်ထားပြီး ဆွယ်တာအင်္ကျီကိုပါ တံတောင်လောက်ရောက်အောင်ခေါက်တင်ထားသည်။ သို့သော် ဘာမှမပြော မကြာမီနန်းရောက်လာခါမှ သူ့ကိုခေါ်တဲ့သူရှိသည်။

"ကိုမော်ကွန်း တစ်ယောက်တည်းလား ကိုဗညားရော"

"သူကခေါင်းမူးလို့တဲ့ ကျွန်တော့်ကိုပဲထားခဲ့တယ်"

"ဟောတော့် နန်းကလေးယောက်စာဆိုပြီး အမဲသားတွေကိုပိုကင်ထားတာ ကိုမော်ကွန်းပဲကုန်အောင်စားရတော့မှာပဲ"

"ဗျာ"

သူလန့်သွားတဲ့ပုံစံကိုကြည့်ပြီး နန်းကရယ်မှ ငါ့ကိုစနေတာပဲဆိုပြီး သက်ပြင်းချရသည်။ ဟိုကောင်လေးကတော့ ပြုံးချင်နေသလို။ စနောက်ပြီး ရင်းရင်းနှီးနှီးနေတဲ့ပုံစံနဲ့ သိပ်အသားမကျပေမဲ့ တစ်ဖက်ကကြည့်ရင်လည်း ပေါ့ပေါ့ပါးပါးဖြစ်တာမို့ သူ့မှာ အခုမှပဲ အသက်ရှူချောင်သလိုခံစားရသည်။

"ဟားဟား နောက်တာပါ အကုန်စားစရာမလိုပါဘူး တော်ကြာအိမ်ကနေထွက်ပြေးသွားမှဖြင့် "

သူလဲ အလိုက်သင့်ရယ်လိုက်ရင်း

"​ကျွန်တော်ရောဘာကူလုပ်ပေးရဦးမလဲ "

"အကုန်တော့ပြင်ဆင်ပြီးပြီ ကိုမော်ကွန်းကူချင်တယ်ဆိုရင် ရေခဲသေတ္တာထဲက ဘီယာဘူးတွေကိုထုတ်ဖို့ပဲရှိတော့တယ်"

"အိုကေလေ ကျွန်တော်သယ်လာပေးပါ့မယ်"

ထို့နောက် ဘူးတွေကိုသယ်လာပေးပြီး ၀ရံတာမှာသောက်ကြမှာမို့အပေါ်ထပ်ကိုတက်ပြီး ၀ရံတာရှိရာကိုသယ်သွားလိုက်သည်။၀ရံတာက ကျဥ်းလည်းမကျဥ်းပေမဲ့ ကျယ်လဲမကျယ်။ ဒါပေမဲ့ သူတို့သုံးယောက်စာအတွက်တော့ ကောင်းကောင်းကြီးနေရာလောက်သည်။

ID-entity (Completed)Where stories live. Discover now