Part 20

557 51 0
                                    

သူပထမဆုံးကွန်ဒိုထဲကိုဝင်လိုက်ထဲက ကြီးကျယ်ခမ်းနားသည့်ဧည့်ခန်းကြီးက ကိန်းကြီးခန်းကြီးနိုင်စွာသူ့ကိုကြိုဆိုနေသည်။ ပတ်ပတ်လည်တစ်လျှောက်မှန်များဖြင့်ကာရံထားပြီး မြင်နေရသော တစ်ခြားသောကွန်ဒိုအဆောက်အအုံများနှင့် ညမြင်ကွင်းများကသူကြည့်မဝနိုင်လောက်အောင်ပင်။အထူးသဖြင့် SIRO TOWER ကိုလှမ်းမြင်နေခြင်းကား မြင်ကွင်း၏ Highlight တစ်ခုဖြစ်သည် ။မီးရောင်ပေါင်းစုံနှင့် LED များတစ်ဖြတ်ဖြတ်ပြေးနေသော SIRO TOWER ကယခုလိုအမြင့်တစ်နေရာမှကြည့်သည့်အခါပို၍လှပနေသလို သူတစ်လျှောက်ပတ်ကြည့်ပြီးမှ နေမကောင်းတဲ့သူကိုသတိရသည်။ သူကဒီလိုနေရာမျိုးမှာ နေ့တိုင်းနေနေရတာဘယ်လောက်များကံကောင်းလိုက်သလဲ။

သူတစ်ခန်းပြီးတစ်ခန်းလျှောက်ရှာပြီးသည့်နောက်မှာတော့ မီးဖွင့်ထားသည့်အခန်းမှာ အိပ်ယာထဲလှဲနေသူကိုတွေ့သည်။ အိပ်ခန်းက Master Bedroom ဖြစ်ပြီး ရိုးရိုးရှင်းရှင်းဖြစ်သည့်တိုင် ထိုရိုးရှင်းမှုကပင်ခမ်းနားနေသည်ကိုငြင်းလို့မရ။ ဝင်ဝင်ချင်းထင်းကနဲမြင်ရသည်ကတော့ 219 inch Wall TV ကြီးဖြစ်သည်။ နံရံမှာရှင်းရှင်းလင်းလင်းပင် Wall TV နဲ့ Decorate လုပ်ထားပြီး အပေါ်နဲ့အောက်မှာ stand တစ်ခုစီနဲ့ ဆုတံဆိပ်တွေ ဘောင်သွင်းထားတဲ့ဓာတ်ပုံတွေတင်ထားသည်။ သူခဏမျှအနီးကပ်သွားကြည့်လိုက်ပြီးကာမှ ကုတင်ပေါ်ကနေမကောင်းတဲ့သူဆီရောက်တော့ စောင်ကိုခြုံထားပြီး မြင်နေရတဲ့မျက်နှာသည်ပင် ဖြူလျော့နေသည်ကိုမြင်ရတဲ့အခါဘာကြောင့်ရယ်မှန်းမသိ စိတ်မသက်မသာ။ နှုတ်ခမ်းပါးတွေကအစ သွေးမရှိသလို။

သူနဖူးကိုစမ်းကြည့်တော့ သူ့လက်ကိုပင်ရုတ်တရက်ပြန်ရုတ်လိုက်မိသည်အထိ ပူခြစ်နေသည်။ နဖူးတင်မက ပါးတွေနဲ့ ရင်ဘတ်ပေါ်တင်ထားတဲ့လက်ချောင်းတွေ အသက်ရှူသည့်ဝင်လေထွက်လေပင် ပူလွန်းနေသည်။ ဒီလူဆေးလဲသောက်ထားပုံမရ။ ဒီိလောက်ပူခြစ်နေတာ သူဘယ်လိုလုပ်ပေးရမလဲ ခဏမျှစဥ်းစားထားပြီးမှ ရေပတ်တိုက်ပေးဖို့‌ဆုံးဖြတ်လိုက်သည်။ဒီထက်သူလုပ်တတ်တာလည်းမရှိ။

နောက် သူတဘတ်တစ်ခုကို ဟိုဝင်ဒီထွက်ကြိုးစားပမ်းစားရှာလာပြီး ရေဇလုံတစ်ခုကိုပါယူလာလိုက်သည်။ နောက်ထိုင်ခုံပုသေးသေးလေးတစ်ခုကိုယူလိုက်ပြီး နေမကောင်းတဲ့သူရဲ့နဖူးပေါ်ကို ရေညှစ်ထားတဲ့တဘက်တင်ပေးလိုက်။ပြန်ညှစ်လိုက်နဲ့ ရေ၂ဇလုံလောက်လဲပြီးသည့်အချိန်မှာတော့သူတော်တော်လေးပင်ပန်းသွားပြီဖြစ်၏။

ID-entity (Completed)Where stories live. Discover now