Part 35 Final

1.3K 41 1
                                    

နှစ်ပေါင်း၄၀ကျော်ခန့်ကြာပြီးနောက်

ခမ်းနားလှသည့်အိမ်ကြီးတစ်လုံး။ဆိုဖာပေါ်တွင်ထိုင်ကာ ဓာတ်ပုံအယ်ဘမ်များကိုကြည့်ရှုနေပါသောအဖိုးအိုတစ်ယောက်က သူနှင့်အတူပါးရေအနည်းငယ် တွန့်နေပြီဖြစ်သောအမျိုးသားတစ်ယောက်၏လက်တို့ကိုဆုပ်ကိုင်ထားသည်။အရေပြားတို့ကတင်းရင်းမနေပဲအရေးအကြောင်းတို့ထင်နေသည့်တိုင် အမြဲဆုပ်ကိုင်ထားတတ်သော နွေးထွေးသန်မာသည့်လက်တစ်စုံဟာမပြောင်းမလဲမေတ္တာတရားတို့ဖြင့်အစဥ်အမြဲစီးဝင်နေဆဲ။

"စိုင်းဒီမှာကြည့်ပါဦး မော်ကွန်းငိုနေတာရုပ်မဆိုးဘူးလား"

ထိုစဥ်ဆိုဖာပေါ်မှကူရှင်ကသူ့ထံဝဲပျံလာသောကြောင့်လက်နဲ့ကာပြီးရှောင်လိုက်ရသည်။

"မင်းလဲငိုနေတာပဲလေ မမြင်ဘူးလားမမြင်ရင်ငါပြမယ်အယ်ဘမ်ငါ့ကိုပေး"

"ဟား မပေးဘူး မင်းwedding မှာနှပ်ချေးတွဲလောင်းနဲ့ငိုနေတဲ့ပုံကိုမီဒီယာတွေကိုပြရမယ်"

"ဗညား မင်းကတော့ပိုပြီ ပြကြည့်လိုက်လေ အသက်ကြီးမှcelebrity ဖြစ်ကံပါတော့လည်းဘယ်တတ်နိုင်မလဲ"

'ဘာလို့စကားများနေကြပြန်တာလဲ ငယ်တော့တာလဲမဟုတ်ပဲနဲ့ ကိုကိုကဆေးသောက်ပြီးပြီလား"

ခွန်းကရေတစ်ခွက်နဲ့ဆေးတွေကိုယူလာပြီးသူ့နားကိုလာထိုင်သည်။သူအမြဲကိုယ့်ဘာသာသတိတရ ဆေးမသောက်တာကို ဒီကောင်လေးကလာမေးနေသေး၏။

"ကိုယ်မသောက်ရသေးတာသိလို့ယူလာတာမလား ဒီကိုပေး"

ကိုကိုကကွာ ဆိုသည့်စကားတစ်ခွန်းကိုသာအမြဲပြောပြီးသူ့ကိုသည်းခံပေးတဲ့ကောင်လေးက ကောင်လေးငယ်လေးတစ်ယောက်မဟုတ်တော့ပြီ။သူနဲ့အတူဖြတ်သန်းလာ တဲ့နှစ်တွေမှာ ငယ်ရွယ်မှုတွေမရှိတော့သည့်တိုင်ဒီကောင်လေးကသူ့ရင်ကိုနွေးထွေးစေတုန်း။

"အခုကြတော့ချစ်ကြည်နူးတစ်တီတူးနေကြလိုက်တာ wedding album တွေကြည့်တိုင်းမင်္ဂလာဦးညတုန်းကမင်းငါ့အခန်းကိုရောက်လာပြီးနှိပ်စက်တာအခုထိစဥ်းစားမိတိုင်းတနုံ့နုံ့ဖြစ်တုန်းပဲ "

ID-entity (Completed)Where stories live. Discover now