Part 18

523 45 0
                                    

"မော်ကွန်း မင်းကဘယ်နားမှာလဲ ငါရောက်နေပြီ"

မော်ကွန်းဖုန်းကိုကိုင်ထားပြီး မျက်စိကဝေ့ဝဲပြီးရှာလိုက်သည်။နောက် ကားပါကင်နားကနေလျှောက်လာတဲ့သူကိုတွေ့တာမို့ သူလျှောက်သွားလိုက်ရင်း

"မြန်သားပဲ လူနာကြည့်စရာရှိသေးတယ်ဆိုတာနဲ့ကြာဦးမယ်ထင်နေတာ"

"အချစ်ရဲ့စွမ်းအားတွေလေ "

"စောက်ပိုတွေကစလာပြီ သွားသွားပြန်တော့သွား"

"ငါလည်း SIRO ရဲ့ရှယ်ယာရှင်ပါနော် မင်းနှင်ချင်တိုင်းနှင်လို့မရဘူး ပြော စိုင်းဘယ်မှာလဲ"

"ငါဘယ်လိုလုပ်သိမှာလဲ လိုက်ကြည့်နေတာမှမဟုတ်တာ "

"ငါမင်းကိုလိုက်ကြည့်နေပါလို့်မှာထားတာလေ"

သဲသဲကဲကဲဖြစ်လွန်းနေတဲ့ သူငယ်ချင်းကိုသူမတ်တပ်ရပ်နေရင်းနဲ့ပင် ကန်ပစ်ချင်စိတ်ပေါက်လာသည်။ အားအားယားယားသူ့ဟာကိုဘယ်သူကလိုက်ကြည့်နေမှာလဲ။

ခဏလောက်ကြာအောင် သူတို့နှစ်ယောက်ဟိုရှာဒီရှာလုပ်ပြီးတဲ့အချိန်မှာတော့သစ်ပင်အရိပ်အောက်မှာ ခွန်းနဲ့အတူတူရပ်နေတဲ့ သူ့ကောင်လေးကိုတွေ့သည်။ ဂျင်းဘောင်းဘီနက်ပြာလေးနဲ့ pullover အပြာရောင်ဖျော့လေးဝတ်ထားတဲ့ကောင်လေးက သူ့ရင်ကိုအေးစေသည်။ သွားစွယ်ချွန်ချွန်လေးတွေနှင့် မျက်နှာရှည်ရှည်လေး ။ခွန်းနဲ့တော့ဘာတွေပြောပြီးရယ်မောနေတယ်မသိ။သူ့နားကနေလျှောက်လာတဲ့ မော်ကွန်းကိုအနားရောက်အောင်ဆွဲလိုက်ရင်း

"မော်ကွန်း မင်းကောင်လေးကိုတခြားနေရာကိုခေါ်သွားစမ်းပါ ငါစိုင်းနဲ့အေးဆေးစကားပြောချင်လို့"

"ငါ့ကောင်လေးမဟုတ်ပါဘူးဆို"

"အဲတာဆိုငါ့ကောင်လေးလား"

ထိုကဲ့သို့ပြောလိုက်မှ မော်ကွန်းတစ်ယောက်တိတ်သွားသည်။သူ့ကိုသာအိုဗာဖြစ်တယ်ပြောနေတာ ဘယ်သူကမှတကယ်အိုဗာတွေဖြစ်နေတာမလို့လဲ။

"ငါဖယ်ထုတ်သွားပေးရင် ဘာပေးမှာလဲ"

"မော်ကွန်းတကယ်ကြီးလား ငါတို့ကသူငယ်ချင်းတွေလေ"

ID-entity (Completed)Where stories live. Discover now