Part 15

532 44 0
                                    

"ဒေါက် ...ဒေါက်...ဒေါက်.....'

ရုံးခန်းထဲတွင် မော်ကွန်း၏ စားပွဲခုံကိုလက်ဖြင့် ခေါက်သံက စည်းချက်ကျကျ ထွက်ပေါ်နေသည်။ ထိုင်ခုံပေါ်တွင်ခပ်လျောလျောထိုင်နေပြီး I pad ပေါ်မှ အစီရင်ခံစာကိုကြည့်ရင်းစားပွဲခုံကိုခေါက်နေခြင်းဖြစ်သည်။ နောက် မကြာပါ။ ipad ချလိုက်ပြီmacbookပြောင်းကြည့်သည်။ ခဏကြာတော့ သူအကုန်လုံးကိုပိတ်လိုက်ပြီး သက်ပြင်းချလိုက်တော့သည်။

သူ့ရုံးခန်းထဲကို သူစိမ်းတစ်ယောက်ကို တစ်ရက်လောက်ခေါ်လိုက်ခြင်းသည် ဒီလောက်ဆိုးရွားသွားစေမယ်မှန်းသူသိခဲ့ရင် အစထဲကခေါ်ခဲ့မှာ မဟုတ်။ အခုတော့ ခွန်းမလာတော့ထဲက သူ့ရုံးခန်းမှာတစ်ခုခုလိုနေသလို။လုပ်စရာတွေပုံနေတာတောင် သူစိတ်ဝင်စားစရာမရှိပဲ ပျင်းနေသလိုခံစားနေရသည်။ တစ်ယောက်တည်း ဒီရုံးခန်းမှာ ထိုင်လာတာနှစ်တွေဒီလောက်ကြာတာ တစ်ခါမှယခုလိုပျင်းပြီိး စိတ်ဝင်စားစရာမရှိတော့သလိုမျိုးမခံစားဖူးတာမို့ ဘယ်လိုပြန်ပြီး fix လုပ်ရမယ်ဆိုတာလဲသူမသိ။ ခွန်းကိုမတွေ့ရတော့တာ ၆ရက်လောက်ရှိပြီဖြစ်သည်။တွေ့တော့လဲ အာရုံနောက်လို့ မတွေ့တော့လဲ ဟာတာတာကြီးဖြစ်နေပြန်သည်။ SIROမှာရှိတဲ့လူတွေတိုင်းက သူပြောတိုင်းလုပ် အကုန်ခေါင်းငုံ့ပြီး ခေါင်းငြိမ့်နေကြသူတွေချည်း။ ပျင်းစရာကောင်းကောင်းအောင်နေနေကြတယ်။ ဘာလို့တစ်ခွန်းလောက်တောင်ပြန်ပြောမဲ့သူမရှိရတာလဲ။

သူရှေ့က SIRO TOWER ပုံနဲ့ပြက္ခဒိန်ကိုကြည့်လိုက်ရင်း ကြက်ခြေခတ်ထားတဲ့ ဒိတ်ကိုတွေ့တော့ ရုတ်တရက် ခေါင်းထဲမှာမပေါ်တာမို့ စဥ်းစားစရာအလုပ်တစ်ခုရသလို ပြန်စဥ်းစားလိုက်သည်။ ကြက်ခြေခတ်ထားသည့်အမှတ်အသားက သူအရေးကြီးတဲ့တစ်ခုခုကိုလုပ်စရာရှိတာမျိုး ချိန်းထားတဲ့လုပ်ငန်းရှင်တွေကိုတွေ့စရာရှိတာမျိုးကိုမှတ်ထားတာဖြစ်တာမို့ သူထိုနေ့တွင်လည်းကျိန်းသေပေါက် တစ်ခုခုကိုလုပ်စရာရှိလိမ့်မည်။ရုတ်တရက်မလို့ စဥ်းစားမရ။ သူ့အတွင်းရေးမှူးကိုမျိုးကတော့သိလောက်သည်။ သူဖုန်းနဲ့ပြောဖို့လုပ်လိုက်ပေမဲ့ သူလည်းထိုင်နေရတာပျင်းနေတာမို့ သွားမေးလိုက်ဖို့ပဲစိတ်ကူးလိုက်သည်။

ID-entity (Completed)Where stories live. Discover now