Part 12

551 45 0
                                    

"တီ တီ တီ တီ"

နှိုးစက်အသံကြောင့် ကြည့်လိုက်တော့ ၈နာရီ။သူအိပ်ယာထဲကနေမထချင်သေးပေမဲ့ ရုံးတက်ရမှာမလို့ ဆက်အိပ်နေလို့မရတော့။ဒါတောင်ရုံးက ၉နာရီမလို့ ရေချိုး breakfast အပြီးအစီး တစ်ခြားဝေယျာဝစ္စအကုန်တစ်နာရီိအတွင်းအပြီးလုပ်ရမှာဖြစ်သည်။

သူ့ဘေးကိုကြည့်လိုက်တော့ ဗညားကအိပ်နေဆဲ။ညကသူတော်တော်လေးပင်ပန်းနေတာနဲ့ သူ့ကွန်ဒိုမှာပဲတစ်ခါတည်းအိပ်လိုက်တာဖြစ်သည်။ ဒါတောင် သူ့ကိုပေးထားတဲ့အခန်းထဲမှာမအိပ်ပဲ သူ့အခန်းထဲမှာလာအိပ်နေသည်။မနှိုးချင်သေးတာနဲ့ ကိုယ့်ဝေယျာဝစ္စတွေပြီးအောင်လုပ်ပြီးတော့ ၈နာရီမိနစ်၂၀။

"ဗညား ထတော့ကွာ"

သူခြေထောက်နဲ့ တို့ပြီးနှိုးတော့ အင်းအဲနဲ့လူကိုစိတ်မရှည်သလို စောင်ကိုခေါင်းမြီးခြုံပြီး ဟိုဘက်ကိုလှည့်အိပ်သည်။

"ဗညား ထတော့လို့ ဆေးရုံကိုမသွားတော့ဘူးလား"

အသံထွက်မလာ။

"ဗညားရေ ဗညားသင်္ချေထစမ်းကွာ"

"၁၀စက္ကန့်လောက်ပဲ ခဏလေး"

မော်ကွန်းသူ့ရဲ့ဆံပင်တွေကိုဆွဲဖွလိုက်သည်။ သူ့ကားနဲ့သွားရမှာမဟုတ်ရင်နိုးမနေတော့ဘူး။ သူ့အိမ်မှာအိပ်ရင်လည်းနှိုးမဲ့သူမရှိရင်ဆေးရုံကိုအမီဘယ်လိုများသွားလဲ ။ကိုယ်သာဆေးရုံအုပ်ဆိုရင် နေ့တိုင်းနောက်ကျမှုနဲ့အလုပ်ထုတ်လိုက်ပြီ။ မတတ်နိုင်တော့ဘူး နောက်ဆုံးကဒ်ကိုထုတ်သုံးရတော့မှာပဲ။

"ဗညား အရေးပေါ်လူနာ အရေးပေါ်လူနာ "

သူအရေးကြီးနေသလို နည်းနည်းအော်လိုက်တော့

"ဟင် ဘယ်မှာလဲ "

ဇတ်ခနဲကောက်ထပြီး အော်လိုက်တာကြောင့် မော်ကွန်းတစ်ယောက်ခွိခနဲရယ်လိုက်သည်။ အလုပ်သင်ဘဝထဲက စွဲနေတဲ့ဒီအကျင့်ခုထိမပျောက်သေးဘူး။ ဗညားအလုပ်သင်ဆင်းတုန်းကဆိုပိုဆိုးသည်။ညညအိမ်ပြန်အိပ်တာရှားသည့်အပြင် အိပ်ရင်တောင်ထထယောင်နေတတ်သေးသည်။ အရေးပေါ်လူနာဆိုရင် ငေါက်ခနဲထထိုင်ပြီး သူရောက်တဲ့အကြောင်းသတင်းပို့နေရတာအမြဲ။ဆေးရုံကားသံကြားရင်တောင်ထထနိုးနေတတ်တာဖြစ်သည်။

ID-entity (Completed)Where stories live. Discover now