Arc 1.2(ရှောင်းကျန့်)

387 38 0
                                    

ဝမ်ရိပေါ်တစ်ယောက် သူ့လက်ထဲက ယုန်လေးကို ခုမှသေချာကြည့်မိသည်

*ချစ်ဖို့ကောင်းလိုက်တာ*

သူ့လက်ထဲကယုန်လေးမှာ သူပွတ်ပေးတာကိုသဘောကျဟန် ဇိမ်ယူကာမှေးနေသည်

ရိပေါ်စိတ်ထဲမှာ
*ဒီယုန်လေးကိုငါမွေးချင်လိုက်တာ ဒါရိုက်တာကြီးနဲ့ပြောကြည့်ရမယ်*

"ဒါရိုက်တာကြီး ကျွန်တော်ဒီယုန်လေးကိုမွေးချင်လို့ သူ့မှာပိုင်ရှင်ရှိလား"

director-"အယ် မင်းသားဒီယုန်က ဈေးထဲက၀ယ်လာတာ ဒီဇာတ်ဝင်ခန်းမှာထည့်ရိုက်မလို့လေ ခုရိုက်ပြီးပြီဆိုတော့ယူချင်လည်းယူလေ"

"ကျေးဇူးပါ"

director-"တစ်ကောင်ထဲလား အဲ့ကောင်က အထီးဆိုတော့ အမ တစ်ကောင်ထပ်ယူဦးမလား"

"တော်ပါ ကျွန်တော့် ထုဇီ(Tu'zi=ယုန်)လေးကို မိန်းမ မယူခိုင်းပါဘူး "

director-"😳"

"ဟို ကျွန်တော်ပြောချင်တာက နှစ်ကောင်ဆိုရင်အလုပ်ရှုပ်တယ်မလား ပြီးရင်မျိုးပွားတော့ ပိုများလာမယ်လေ အဲ့ဒါကိုပြောတာ"

ဝမ်ရိပေါ်တစ်ယောက် ရှက်ကိုးရှက်ကန်းနှင့် ဘယ်သူမှမမေးပဲ ဖြေနေသည်

director ရဲ့စိတ်ထဲမှတော့ *ရိပေါ် ဘာတေဖြစ်နေတာလဲ?????*

ဝမ်ရိပေါ် ရင်ခွင်ထဲရှိ အကြံဆိုးနှင့်ယုန်ကြီးမှာလည်း ရိပေါ်နှင့် director ကြီးပြောတာကို ကျေနပ်နေသည် စိတ်ထဲမှာလဲ
*ရိပေါ်လေးကငါ့ကိုမွေးမယ်တဲ့ သူ့အိမ်မှာလဲနေရမယ် သူရေချိုးရင်လဲချောင်းကြည့်မယ် ငါလေးအကြံပိုင်တယ်မို့လား သေရတာကျေနပ်တယ်😆😆😆😆😆*

Ku ရဲ့စိတ်ထဲမှာတော့
~ငါ့ရဲ့ host ဟာတော်တော်ရွတာပဲ😖~

director-"ကဲ ဒီနေ့အတွက်တာဝန်ကျေပါပြီ နားလို့ရပါပြီ"

ရိပေါ်ရဲ့မန်နေဂျာက ချူးယွမ်ပါ

"အကိုချူးယွမ် အိမ်တန်းမပြန်နဲ့ဦ super market တစ်ခုမှာရပ်ပေး ကျွန်တော်ဝယ်စရာရှိလို့"

ချူးယွမ်-"ရိပေါ်ဘာလိုလို့လဲ အကိုဝယ်ပေးမယ်လေ"

"ရတယ်အကို ချူးယွမ် ကျွန်တော်ရဲ့ထုဇီ လေးအတွက်လိုအပ်တာတွေ ကိုယ်တိုင်ဝယ်ချင်လို့"

System ထဲကချစ်သူWhere stories live. Discover now