Zawgyi
"အင်း"
ရိပေါ် သူမကိုစကားပြန်မပြောချင်ပါ ဘာလို့မှန်းမသိပေမယ့်သူ့စိတ်ထဲမှာ သူမကိုသိပ်အမြင်မကြည်ပေ
"ရိပေါ်ကော ကစကားနည်းလိုက်တာ"
"ဒါပုံမှန်ပဲ"
ရှောင်းကျန့်မှာတော့ system အားပြန်လည်မေးနေရသည် ၀မ်ရိပေါ်က ယုဟွာကိုကောင်းကောင်းမဆက်ဆံသည့်အတွက်
[အဲ့တာတော့ ku လဲမသိပါဘူး ဖြစ်နိုင်တာကတော့ host ရောက်လာလို့ ဇာတ်ကြောင်းပြောင်းသွားတာဖြစ်မယ်]
*အဲ့လိုဆိုလဲကောင်းတာပဲ ငါ့အတွက်နစ်နာစရာမှမရှိတာ ဒါနဲ့ငါ လူပြန်ဖြစ်ဖို့က ဘယ်လိုလုပ်ရမှာလဲ*
[ဟုတ်ကဲ့ အဲ့အကြောင်းကိုကျွန်တော်ပြောပြပါမယ် host ယုဟွာတို့သားအမိက ရှောင်းကျန့်ကို အိမ်မှာပဲ ဆေးကုပေးနေပါတယ်]
*ဘယ်လိုသူတို့က ငါ့ကိုသေစေချင်နေတာမဟုတ်ဘူးလား ဘာလို့ဆေးကုပေးတာလဲ*
[ဒါကတော့ ရှင်းပါတယ် host ရယ် ရှောင်းသခင်ကြီး ကသူမသေခင် အမွေတွေအားလုံးကို ရှောင်းကျန့်နာမည်နဲ့လွှဲပေးခဲ့တာပါ ရှောင်းကျန့်သေသွားရင် အမွေတွေအားလုံးသူတို့ရမှာ လို့ ယုဟွာတို့သားအမိက အပိုင်တွက်ထားပုံပါပဲ]
*ဒါကြောင့်ငါ့ကိုလုပ်ကြံခဲ့တာပေါ့*
[ဟုတ်ပါတယ် host ဒါပေမယ် အရင်ရှောင်းကျန့်က သူသေသွားခဲ့ ရင်သူ့ပိုင်ဆိုင်မှုတွေအားလုံးကို သူသေပြီးသုံးနှစ်အကြာမှာ လိုအပ်တဲ့နေရာတွေမှာသုံးဖို့ သေတမ်းစာရေးခဲ့ပါတယ်]
*ဒါကြောင့် ရှောင်းကျန့်ကိုအိမ်မှာပဲဆေးကုပေး သတိရလာရင် ပိုင်ဆိုင်မှုတွေကို လွှဲခိုင်းပြီး လူမသိ သူမသိသတ်မယ်ပေါ့လေ*
[ဟုတ်ပါတယ် host ဒါသူတို့ရဲ့အကြံအစည်ပါ]
*ငါရောက်လာပြီဆိုတော့ သူတို့ အကြံမအောင်မြင်စေရဘူး ku ငါ့ရဲ့ ၀ိညာဉ်ကရှောင်းကျန့်ရဲ့ ကိုယ်ထဲကိုပြန်ဝင်ရမှာပေါ့ ပြီးမှ သူတို့ကို lesson ပြန်ပေးရမယ်*
ရှောင်းကျန့် ku နဲ့ စကားပြောပြီး ရိပေါ်တို့ကိုကြည့်လိုက်တော့ ရိပေါ်ကိုမနက်စာစားဖို့ အတင်းခေါ်နေသည့်ယုဟွာ