Arc 1.3(ရှောင်းကျန့်)

320 32 0
                                    

ရှောင်းကျန့်အရမ်းပျော်နေတယ် ၀မ်ရိပေါ်ကသူ့ကို နာမည်လေးပေးတယ် သူကိုယ်တိုင်တောင်မသိလိုက်ပဲ ရိပေါ်ရင်ခွင်ထဲသွားပြီးတိုးဝှေ့နေမိတယ်

"ကျန့်ကျန့် လေးရေ အိပ်တော့မလား ကိုယ် အိပ်ယာပြင်ပေးမယ် ကိုယ်ကျန့်ကျန့်အတွက်လိုအပ်တာတွေဝယ်ခဲ့ပေးတယ်"

ရှောင်းကျန့် ရိပေါ်ဘာတွေဝယ်လာလဲမသိပါ

*ရိပေါ်က ဘာတွေဝယ်လာတာလဲ *

[မုန့်တွေငမ်းနေတော့ ဘယ်သိမလဲ]

*ku မင်းပြောတော့ line out ပြီဆို*

[ဟွန့် host ကိုသနားလို့]

*ဟုတ်ပါပြီ  ဒါနဲ့ရိပေါ်ကဘာဝယ်လာတာလဲ*

[host ကိုယ်တိုင်ကြည့်လိုက်လေ]

ရှောင်းကျန့် ရိပေါ်လုပ်နေတာကိုကြည့်လိုက်တော့ သူ့ကုတင်အောက်မှာ အမွှေးနု ကော်ဇောလေးနဲ့ အရုပ်လေးတွေ ရိပေါ်ကသူအိပ်ဖို့အတွက်လိုအပ်တာလေးတွေဝယ်လာတာပဲ ဒါနဲ့ ငါကအဲ့မှာအိပ်ရမှာလား မရဘူးနော် idol နဲ့ တစ်ခန်းထဲနေပြီး အတူမအိပ်ရအောင် ရှောင်းကျန့်သည် အချဉ်မဟုတ် အတူတူအိပ်မှာပေါ့😜😜

ရိပေါ် ကျန့်ကျန့်အတွက် အိပ်ယာခင်းပေးပြီး နောက်ကိုလှည့်ကြည့်လိုက်တော့ မျက်လုံးကြည်ကြည်လေးတွေနဲ့ သူ့ကိုပြန်ကြည့်နေတဲ့ ကျန့်ကျန့်

အသာပွေ့ချီပြီးခင်းထားတဲ့ပေါ်ချပေးတော့ မဆင်းပေ
ဒါနဲ့ သူလည်း ကုတင်ပေါ် ကျန့်ကျန့်ကိုချီရင်း ပင်ထိုင်ချလိုက်တယ် ထိုအခါ ကျန့်ကျန့်မှာ သူ့အပေါ်ကပြေးဆင်းသွားပြီ သူ့ခေါင်းအုံးဘေးမှာဝပ်နေတယ်

ရိပေါ်သိလိုက်ပါပြီ ကျန့်ကျန့်ကသူနဲ့အိပ်ချင်နေတာ

"ကျန့်ကျန့်လေးက ကိုယ်နဲ့ အတူအိပ်ချင်လို့လား ရတယ်လေ"

ပြောပြီ သူပါကုတင်ပေါ်လှဲချလိုက်တယ် ပြီးတော့ ကျန့်ကျန့်လေးကိုသူ့ရင်ဘတ်ပေါ်တင်ပြီ စကားတွေပြောနေမိတယ်

"ကျန့်ကျန့် မင်းကအရမ်းချစ်ဖို့ကောင်းတာပဲ မင်းသိလား ငါတော့မင်းကို သံယောဇဉ်ဖြစ်နေပြီထင်တယ်"

ရိပေါ်ပြောရင်း ယုန်ဖြူလုံးလေး ကိုနမ်းရှိုက်လိုက်တယ် ယုန်လေးမှာတော့ မျက်လုံးလေးပြူးလို့ ရိပေါ်ယုန်လေးကိုဘေးချပြီး အိပ်ပျော်သွားတယ် သူမသိတာက ဘေးကယုန်လေးက သူ့ကိုတစ်ညလုံးကြည့်နေခဲ့တယ်ဆိုတာပဲ

မနက်မိုးလင်းတော့ ရိပေါ်ဘေးမှာယုန်လေးမရှိတော့ပေ ရိပေါ် ပြာယာခပ်သွားတယ် ယုန်လေးကသူ့စီကထွက်ပြေးသွားပြီလားဆိုတဲ့အတွေးနဲ့တင် သူ့မှာ ခြေမကိုင်မိလက်မကိုင်မိ
အခန်းပြင်ကိုထွက်ရှာမိတော့ သူ့ရဲ့ ယုန်လေးက ခါကြက်ဥလေးကို တမြုံ့မြုံ့နဲ့ဝါးနေတယ်

ရိပေါ်ပြုံးလိုက်မိတယ် သူကိုယ်တိုင်တောင် ကျန့်ကျန့်နဲ့ ပတ်သတ်ရင်ဘာဖြစ်မှန်းမသိ

"ကျန့်ကျန့်က ဒီရောက်နေတာကို ကိုယ့်မှာတော့ ထွက်ပြေးသွားပြီထင်ပြီ လန့်သွားတာပဲ"

ရိပေါ်ကဆူသလိုလေးပြောလိုက်တော့ ချက်ချင်းပင် သူ့ရင်ခွင်ထဲဝင်လာပြီး ခေါင်းလေးနဲ့ တို့ဝှေ့နေပြန်တယ် ရိပေါ်ရယ်လိုက်ပြီ

"ဒီနေ့ရှုတင်သွားစရာရှိတယ် ကိုယ်ရေချိုးပြီး အ၀တ်စားလဲလိုက်ဦးမယ် ကျန့်ကျန့်ကကိုယ့်ကို ဒီနေရာမှာစောင့်နေနော်"

ပြောပြီးတော့ ရိပေါ်ဟာ အခန်းထဲဝင်သွားတယ်
ကျန်ခဲ့တဲ့ ရှောင်းကျန့်မှာတော့ ၀မိရိပေါ်ဟာသူ့ကိုအရမ်းချစ်တာပဲဆိုပြီး ပျော်နေတယ်

*ဒီနေ့ရှုတင်သွားရမှာဆိုတော့ ဇာတ်လိုက်မနဲ့တွေ့ရမှာ ငါဘာလုပ်ရမလဲ *

[host ဇာတ်လိုက်ရဲ့ စိတ်ကို host ကပဲအပြီအပြင်ချုပ်ကိုင်ထားလိုက်လေ]

*ဟုတ်တယ် ဇာတ်လိုက်ရဲ့ အာရုဏ်ဟာ ငါ့အပေါ်မှာပဲရှိရမယ် ပြောပြပေးလို့ကျေးဇူးပဲ ku*

[မလိုပါဘူး host ပထမ ကဘာ မို့ပြောပြတာ နောင်ဆို ပြောမပြဘူး]

*ဘာ နောက်ဆိုပြောမပြဘူးဟုတ်လား အဲ့လိုတော့မလုပ်နဲ့လေ ku*

ရှောင့်ကျန့် ku နဲ့စကားများနေတုန်းမှာပဲ သူ့ကို ရိပေါ်က လာပွေ့ချီတာကိုခံစားလိုက်ရတယ်

တိုက်ခန်းထဲမှာ ရုန်းရင်းဆန်ခတ်တွေဖြစ်နေတယ် အကြောင်းမှာတော့ ရိပေါ်ရဲ့ ချစ်လှစွာသောယုန်လေးက ရေမချိုးချင်လို့ ပတ်ပြေးနေခြင်း

"နောက်ဆုံးတော့မိပြီ ရေမချိုးရင် ညစ်ပတ်အိုးဖြစ်သွားမှာပေါ့ ကျန့်ကျန့် ရဲ့

ရှောင်းကျန့်စိတ်ထဲမှာပေါက်ကွဲနေသည် အကြောင်း အရင်းကတော့ ရေမချိုးချင်၍မဟုတ် အစထဲကရေချိုးပေးမှာဆို ဘာလို့သူနဲ့ အတူ မချိုးပေးတာလဲဆိုတာပင်

ဒီလိုနဲ့ ရိုက်ကွင်းကိုရောက်လာခဲ့သည် ယုန်လေးတစ်ကောင်ကတော့ ဆူပုတ်နေလျက်ပေါ့
အဲ့ အချိန်မှာပဲ ရိပေါ်ရော ကျန့်ကျန့်ပါ မကြားခင်သည့် အသံကြီးကိုကြားလိုက်ရသည်

"ရိပေါ်ကော ဒီနေ့နောက်ကျတယ်နော်"
လို့ပြောလိုက်သော ယုဟွာ ရဲ့ အသံကြီးပင်
💚💚💚💚💚💚💚💚💚💚💚

System ထဲကချစ်သူWhere stories live. Discover now