Zawgyi
[host ထတော့လို့ host ရေ ထပါတော့ host~~~~~~~~~~~~~]
*ku မိုးမီးလောင်တော့မှာမို့ ငါ့ကို အတင်းအော်နိုးနေတာလား တကယ်ပဲ အိပ်တာတောင်ဇိမ်နဲ့ မအိပ်ရဘူး*
[host ကလဲ ကျွန်တော် ကပြောစရာရှိလို့ပါဆို]
*ပြော ဘာပြောမှာလဲ*
[သတင်းကောင်းနဲ့ သတင်းဆိုးရှိပါတယ် host ဘယ်ဟာအရင်နားထောင်မလဲ]
*သတင်းကောင်းအရင်ပြော*
[သတင်းကောင်းက host စုံစမ်းခိုင်းတဲ့ တိုက်ခန်းက ပိုင်ရှင်မရှိသေးပါဘူးတဲ့ အဲ့ဒါနဲ့ ကျွန်တော်ကပဲ host ကိုလက်ဆောင်ပေးတဲ့ အနေနဲ့ ၀ယ်ပေးလိုက်ပါတယ်]
*ပြီးတော့*
~ဟွန်း host ကလဲ စေတနာမရှိအောင်လာလုပ်နေတယ်~
[နောက်ထပ် သတင်းကောင်း တစ်ခုရှိပါသေးတယ် ယုဟွာဒီနေ့မနက်ခင်း car accident ဖြစ်လို့ ဆေးရုံတင်ထားရပါတယ် အောက်ပိုင်းသေသွားတယ်လို့လဲ သိရပါတယ် ပြီးတော့ ဒီလိုဖြစ်အောင်လုပ်တဲ့သူဟာ host ရဲ့ ၀မ်ရိပေါ်ပါ]
*ငါတောင်ယုဟွာကို ဘာမှလုပ်စရာမလိုတော့ဘူး ရိပေါ်က တော်လိုက်တာ ငါလိုချင်တာလဲ ဒါမျိုးပဲ အသက်မသေပဲ ဘ၀သေသွားတာမျိုး*
[နောက်ထပ် သတင်းဆိုးကတော့ host လူ ၀မ်ရိပေါ် က လက်ခံထားသမျှအလုပ်တွေကို ဖျက်ပစ်လိုက်ပြီး အရက်သမားဖြစ်နေပါပြီ ]
*အင်း အဲ့ဒါကတော့ ငါပြန်ကောင်းအောင်လုပ်ပေးရမှာပေါ့*
[host ဆီကို ယုဟွာရဲ့ အမေလာနေပါတယ် သတိထားပါ host သူမက ဒေါသထွက်နေပုံရတယ်]
*ကျေးဇူးပဲ ku ငါသတိထားပါ့မယ်*
မကြာခင်မှာပဲ အခန်းတံခါးပွင့်လာပြီး
"သားလေး ရှောင်းကျန့် သားရဲ့ ညီမလေး မတော်တဆမှုဖြစ်လို့ ဆေးရုံတင်ထားရတယ် အောက်ပိုင်းလဲ လှုပ်ရှားလို့မရတော့ဘူး အမေ ငွေလိုနေတယ်သားရယ်"
ပြောရင်းနဲ့ ရှောင်းကျန့်ကိုလက်ဆွဲလိုက်ကာ
"အဲ့တာ သား အမေ့ကိုလေ"
သူမ ပြောလို့ပင်မဆုံးသေး ဖြတ်ပြောလိုက်တဲ့ ရှောင်းကျန့်