ရှောင်းကျန့် တစ်စုံတစ်ခုရဲ့ ဆွဲခေါ်ခြင်းကိုခံလိုက်သည် သူမျက်လုံးတွေကိုဖွင့်ကြည့်ပေမဲ့ အမြင်တွေဝေဝါးလျက်ပင်
သူ့လက်ချောင်းလေးတွေကိုကြိုးစားပြီး လှုပ်ရှားကြည့်တော့ အနည်းငယ်သာရွေ့သည် system နဲ့ ချိတ်ဆက်လိုက်သည်
*ku ငါအခု ရှောင်းကျန့် ရဲ့ကိုယ်ထဲကိုပြန်ေိရာက်နေပြီလား*
[ဟုတ်ပါတယ် host]
*ဒါနဲ့ ငါပြောထားတဲ့ အချက်အလက်တွေ စုဆောင်းပြီးပြီလား ku*
[ဟုတ်ကဲ့ အကုန်လုံး လုပ်ပြီးပါပြီ host မှတ်ဥာဉ်တွေထဲ လွှဲပေးရမလား]
*အင်း ဒါမဲ့ ငါ့ကို နာကျင်နေတာတွေပျောက်အောင်လုပ်ပေးဦး ကိုယ်လက်တွေအရမ်းနာနေတာ*
[ဟုတ်ကဲ့ပါ host ]
ခဏကြာတော့ ရှောင်းကျန့်နာကျင်နေတာတွေယူပစ်သလိုပျောက်သွားသည်
[သက်သာလား host သက်သာရင် ကျွန်တော် အချက်အလက်တွေလွှဲပေးလိုက်ပါ့မယ်]
*အင်း*
ရှောင်းကျန့် ကတော့ ku ပို့ပေးသည့်အချက်အလက်များကို ဖတ်ကြည့်နေသည်
တစ်ဖက်တွင်လဲ ၀မ်းနည်းစွာငိုကြွေးနေသောသူတစ်ယောက်ရှိသည်
ရိပေါ်ရဲ့ မျက်လုံးများက အလွန်ငိုထားသောကြောင့် နီရဲ့ ပြီ မို့အစ်နေသည် သူ့ရှေ မှန်ကန်ထဲက ယုန်လေး သူ့ရဲ့ ကျန့်ကျန့်လေး သူ့ဆီကိုရောက်လာတာ မကြာသေးဘူး ပြန်ထွက်သွားတယ်သူမှန်ဘောင်လေးကို အသာတို့ထိရင်းမှ စိတ်ထဲမှာ ရှောင်းယုဟွာရဲ့ မျက်နှာပေါ်လာတယ် လက်သီးတို့ကိုတင်းနေအောင်ဆုပ်မိတယ် သူ့ကြောင့် ကျန့်ကျန့်လေးသေရတာ ပြန်ပြီး လက်စားချေပြမယ်
သာမန်လူတွေအတွက်တော့ ဒါဟာ ယုန်တစ်ကောင်ကို ဆုံးရှုံးမှုပဲ ဒါပေမယ့် သူ့အတွက်တော့ အရာအားလုံးကိုဆုံးရှုံးလိုက်ရသလိုပဲ
ရိပေါ် လူတစ်ယောက်ဆီ ဖုန်းဆက်လိုက်တယ်
"သူ့ ကိုငါ သေတာမလိုချင်ဘူး ရှင်လျက်နဲ့ သေသလိုဖြစ်ချင်တာ ဘာအမှားအယွင်းမှမရှိစေနဲ့ "ပြောပြီ သူ ထိုင်ချလိုက်ကာ ဘီယာ တွေကိုသာလှိမ့်သောက်မိတော့သည်