Arc 1.5(ရှောင်းကျန့်)

371 54 2
                                    

Zawgyi

သူမတကယ်ဒေါသထွက်နေပြီ အခု ရိပေါ်ကော ကသူမကို ယုန်တစ်ကောင်ကြောင့် ရှိတယ်လို့တောင်မထင်တော့ဘူး 

"ရိပေါ်ကော နောက်နေ့ကျရင်ယုဟွာ နဲ့ထမင်းအတူတူစားပေးပါလားလို့"

သူမအသံကိုအနည်းငယ် မြှင့်ပြီး ပြောလိုက်တယ် ရိပေါ်ကော သူမအပေါ်အာရုံ စိုက်ဖို့

"ဒီမှာမင်းသမီး ကိုယ့်ဘာသာကိုယ်နေပါ ပြီးတော့ မင်း ငါ့ကိုအော်စရာမလိုဘူး မင်းနဲ့လဲမပတ်သတ်ချင်ဘူး ငါ့ကိုလာပြီးမပတ်သတ်နဲ့ မင်းကြောင့်ငါ့ရဲ့ ကျန့်ကျန့်လေးလန့်သွားပြီ"

ရိပေါ်ပြောနေရင်း ခေါင်းငုံ့ပြီးကျန့်ကျန့်လေးကိုဖြေးဖြေးလေးပွတ်ပေးနေမိသည် ခုနက ဟိုမိန်းမအော်လိုက်တော့ သူ့ရင်ခွင်ထဲက ကျန့်ကျန့်လေး လန့်ပြီးတုန်သွားသည်လေ ရိပေါ် ခေါင်းကိုပြန်လည်မော့လိုက်ပြီ ယုဟွာ စိုက်ကြည့်ကာပြောလိုက်သည်

"ကျန့်ကျန့်လေးတစ်ခုခုဖြစ်ရင် မင်းကိုငါအရှင်မထားဘူး ရှောင်းယုဟွာ"

ယုဟွာ တစ်ယောက်ကြောက်လန့်ပြီးနေရာမှာတင်ရပ်နေမိသည် ရိပေါ်ကတော့ သူ့ယုန်ကိုပွေ့ကာ နေရာမှထွက်သွားပြီ

ယုဟွာ စိတ်ထဲမှာတော့ *မဖြစ်ရဘူး ရိပေါ်ကောကငါ့ကိုပဲချစ်ရမှာ အခုငါကဘာမဟုတ်တဲ့ယုန်တစ်ကောင်ကြောင့် အော်ခံလိုက်ရတယ်လား ရတယ်လေယုန်တစ်ကောင်ကဘာများပြန်လုပ်နိုင်မှာမို့လို့လဲ အဲ့ယုန်ကိုအရင်သတ်ပြစ်မယ် ရိပေါ်ကော ယုဟွာကို လူကြားထဲမှာအော်တဲ့အတွက်*

ရိပေါ်ကတော့ လူရှင်းတဲ့နေရာတစ်ခုမှာဝင်ထိုင်ကာ ကျန့်ကျန့် ကိုအသာအယာပွတ်သတ်ပေးပြီး စိတ်ထဲမှာလဲ မကျေမနပ်ဖြစ်နေလေရဲ့

ရှောင်းကျန့်ကတော့ ခုနက ယုဟွာမအော်လိုက်တုန်းကတကယ်လန့်သွားတာ အင်းပေါ့လေ ယုန်တွေကအသဲငယ်တယ်

ရှောင့်ကျန့်ကတော့
*Ku ယုဟွာတို့သားအမိ ယုတ်မာထားတဲ့ ဟာတွေရှိလား*

[ရှိပါတယ် host အများကြီးပါ]

*Ku ငါ ကိုယ်ထဲကိုပြန်ဝင်ဖို့ဆိုရင် ယုန်ဘ၀ကနေသေမှရမှာလား*

System ထဲကချစ်သူWhere stories live. Discover now