ခေါင်းမှနာကျင်မှုတို့နဲ့ သူနိုးထလာသည်
*အမလေး နာလိုက်တာကွာ *
သူ့ကိုယ်သူ ပြန်ကြည့်မိတော့ အမွှေးတွေ ခြေတွေ လက်တွေကလဲတိုတိုလေး
*မဟုတ်မှငါအကောင်တစ်ကောင်ဖြစ်နေတယ်လို့တော့မပြောနဲ့နော်*
[ဟုတ်ပါတယ် host]
*လန့်လိုက်တာ ku ရာ ငါကအခုဘာဖြစ်သွားတာလဲ စကားပြောလို့လဲမရဘူး စိတ်ထဲကနေပဲပြောနေရတယ် မင်းမှန်မှန်ပြောစမ်း မင်းငါ့ကိုဘာလုပ်လိုက်တာလဲ*
~host ရယ်စကားပြောလို့မရတာတောင် ကျွန်တော်နားငြီးနေပြီ စကားပြောလို့ရရင် ကျွန်တော်သေမှာပဲ~
[ပြောပြပါမယ် host ရာ host ကအခု ယုန်ဖြစ်နေတာ လေ]
*ဘာပြောလိုက်တာ ငါကအခုယုန် ဟုတ်လား*
[ဟုတ်ပါတယ် host ဒါမယ့်လူအသွင်ပြောင်းလို့ရပါတယ်]
*ဒါဆိုလဲပြောင်းပေးကွာ*
[ပြောင်းချင်တိုင်းပြောင်းလို့မရပါဘူး host
mission တွေလုပ်ပြီးမှပြောင်းလို့ရမှာပါ]*ပြီးရော ဒါနဲ့ငါကဘာလုပ်ရမှာလဲ ku*
[သြော် မေ့နေတာ host ကို ဇာတ်ကြောင်းမပို့ပေးရသေးဘူး ခုပို့ပေးမယ် နည်းနည်းနာမယ်နော် host]
*သူကပဲမေ့ရတယ်ရှိသေး...သေး...*
သူ့အတွေးလေးတောင်မဆုံးလိုက် ခေါင်းထဲကိုတိုးဝင်လာတဲ့ နာကျင်မှုတွေ ပြီးတော့သူလဲ ပြန်ပြီးသတိလစ်သွားတယ်
သူနိုးလာတော့မှ ခေါင်းထဲကအကြောင်းအရာတွေကိုဖတ်ကြည့်ရတော့တယ်
ဒီကဘာ ရဲ့ ဇတ်လိုက်က ၀မ်ရိပေါ်
*ဘယ်လို ခုဝမ်ရိပေါ်လို့ပြောလိုက်တာလား*
[ပြီးအောင်ဖတ်ပါ host ရယ် တကယ်ပဲ]
*ငါကပျော်သွားလို့ပါကွာ*
ဝမ်ရိပေါ်က actor.dancer နာမည်ကြီးပဲ
ဇာတ်လိုက်မက ရှောင်းယုဟွာ xiao အိမ်တော်က တရားမ၀င်သမီး သူကရုပ်ရှင်မင်းသမီးတစ်ယောက် နောက်ပြီး ၀မ်ရိပေါ်ကိုကြိုက်နေတာ ရိုက်ကွင်းမှာဆိုသူက ရိပေါ်သနားအောင် အိမ်က အကိုကြီးကဘယ်လိုနှိပ်ဆက်ကြောင်း မဟုတ်တမ်းတရားတွေပြောပြီး ကြာပန်းဖြူလေးလုပ်တယ် ရိပေါ်ကလဲသနားတာပေါ့ နောက်ဆုံးတော့လဲ ၀မ်ရိပေါ်နဲ့ ရှောင်းယုဟွာနဲ့ ညားပြီး happy ending ဖြစ်သွားတာပေါ့ဒါဆိုသူကရော အင်းဟုတ်ပါတယ် သူက xiao အိမ်တော် ရဲ့ တရားဝင်သားကြီးရှောင်းကျန့်ပေါ့ ယုဟွာရဲ့ ယုတ်မာမှုကြောင့် car accident ဖြစ်ပြီးသေသွားရတာပေါ့ ခုတော့သူရောက်လာလို့မသေပေမဲ့ လူက ကိုမာဝင်သွားပြီး ၀ိညာဉ်ကတော့ ယုန်ခန်ဓာ ကိုယ်ထဲဝင်သွားတာပေါ့ လေ
သူ့ရဲ့ mission က ယုဟဟွာ ကို လက်စားချေရမှာ
တွေ့ပြီပေါ့ ယုဟွာ လက်ဖက်စိမ်းမရာ နင့်ကိုငါပြန်ပြီးလက်စားချေပြမယ် ၀မ်ရိပေါ်ကလဲငါ့အပိုင်ပဲ
ဒါမယ့်ငါကအခုယုန်တစ်ကောင် ရိပေါ်နဲ့တွေ့အောင်ဘယ်လိုလုပ်ရမှာလဲ
နောက်ပြီးဒီနေရာက ဇာတ်လမ်းရဲ့ ဘယ်အပိုင်းကိုရောက်နေပြီလဲ ku
[host ကအခု ရိုက်ကွင်းမှာပါ တိတိကျကျပြောရရင် ၀မ်ရိပေါ်နဲ့ ရှောင်းယုဟွာတို့ဇာတ်ကားရိုက်နေတဲ့ရိုက်ကွင်းမှာ host ကဖြတ်လျှောက်ယုန်ပါ]
*ဘာ အာ့ဆိုငါကအခု ရိပေါ်သတိထားမိအောင်လုပါရမှာပေါ့လေ ဒါနဲ့ သူတို့နှစ်ယောက်ကကြိုက်သွားပြီလား ku*
[မကြိုက်သေးပါဘူး host ဇာတ်လိုက်မဘက်က ဇာတ်လိုက်ကို လိုက်ကပ်နေတုန်းပဲရှိပါသေးတယ်]
*ရပြီ အဲဟိုမှာရိပေါ်လာနေပြီ*
ဝမ်ရိပေါ် ဒီနေ့ ရိုက်ရမယ့်အခန်းက ပန်းခြံထဲမှာ မင်းသမီးနဲ့ထိုင်စကားပြောတဲ့အခန်း
ဒါရိုက်တာက action လို့ပြောတာနဲ့ သူထိုင်ခုံမှာဝင်ထိုင်လိုက်တယ် ယုဟွာနဲ့စကားပြောနေတုန်း ယုန်လေးတစ်ကောင်က ပြေးလာတယ် ယုဟွာကကောက်ချီပြီးပွတ်ပေးရင်းစကားဆက်ပြောကြတာပေါ့ ဒါရိုက်တာက cut လို့ အော်မှပဲ ယုဟွာကယုန်လေးကိုချပေးလိုက်တယ်ဝမ်ရိပေါ် ယုန်လေးကိုချက်ခြင်းပဲကောက်ကိုင်လိုက်တယ် ဟုတ်တယ် သူချီချင်နေတာကြာပြီ အလိုက်ကမ်းဆိုးမသိတဲ့ မင်းသမီးက ချီထားလို့သာ
ရှောင်းကျန့်စိတ်ထဲမှာတော့ *တော်သေးတာပေါ့ ယုဟွာမ ငါ့ကိုအောက်ချပေးလိုက်လို့ လက်ကြမ်းကြီးတွေနဲ့ ပွတ်ပေးနေတာ မခံချင်ပါဘူး
ဒါနဲ့ဝမ်ရိပေါ်ရဲ့ လက်လေးက နူးညံ့လိုက်တာ💚💚💚💚💚💚💚💚💚💚💚💚