အခန်း ( ၁၄ ) - ပထမဆုံးခြေလှမ်းဟုသတ်မှတ်သည်

413 38 65
                                    

{ Unicode Version }

" အဲ့တုန်းကဆိုရင်လေ ဝေးမှာ ပန်းသီရတယ်လို့သာပြောတာ၊ လက်ညှိုးကို အပ်နဲ့အထိုးကျင့်နေသလိုပဲ၊ ခဏခဏ ဆူးတာ ''

" အဲ့ဒါ ဝေး ဝဋ်လည်တာလေ ''

" ဟမ် ''

ပိုင်စေ့ထံမှ ခပ်တိုတိုစကားပြန်ကြောင့် ဝေး အကြောင်ရိုက်သွားရ၏။

ဝဋ်လည်တယ်ဆိုတာ မောင်က ဘာကိုပြောချင်နေတာလဲ ဝေးမသိ။

" ဟုတ်တယ် ဝဋ်လည်တာ၊ ဝေး ဆေးခန်းဖွင့်တုန်းက လူနာတွေကို ဆေးထိုးအပ်နဲ့ထိုးတယ်မလား၊ အခု ဝေးလည်းအပ်နဲ့ထိုးခံနေရတာပဲလေ၊ ဝဋ်လည်တာပဲပေါ့၊ သူတို့က ဖင်ကိုထိုးခံရတာ ဝေးကတော့ လက်ထိပ်လေးတွေပေါ့ ဟားဟား ''

" မောင်နော် ဝေးကတော့ မောင့်အတွက် ရည်ရွယ်ပြီး လက်နာတာတောင်မမှုဘဲ ဆက်လုပ်ခဲ့တာ မောင်က လာစနေတယ် ဟွန့် ''

ပိုင်စေ့ လက်မောင်းတွေကို ထုနှက်နေသည့် ဝေးရဲ့လက်တွေကို ပိုင်စေဖမ်းဆုပ်လိုက်ပြီး နမ်းရှိုက်လိုက်သည်။

" မောင်က နောက်တာပါ၊ ဘာလို့ အဲ့လိုတွေလုပ်ရတာလဲ ဝေးရာ ''

" ဝေးက မောင့်အတွက်အမှတ်တရ တစ်ခုခုဖန်တီး​ပေးချင်လို့လေ၊ လက်ထဲလည်း ပိုက်ဆံမရှိတာနဲ့ ပြီးတော့ အိမ်နဲ့လည်း သိပ်မဝေးတာနဲ့ ဝေးလုပ်ဖြစ်သွားတာပါ မောင်ရယ် ''

ပိုင်စေ့ရင်ခွင်ထဲမှ ဝေးသည် လေသံပျော့ပျော့လေးနှင့် ချွဲနေဟန်ပြုလာတာကြောင့် ပိုင်စေ ဝေးရဲ့နဖူးလေးအား ကြင်နာစွာနမ်းရှိုက်လိုက်၏။

" မောင် ဝေးကို ခိုးပြေးလာတဲ့အချိန်ကစပြီး ဝေးရဲ့မေမေဆီက ဘယ်အရာကိုမှ မလိုချင်ဘူးလို့ မောင်ပြောခဲ့ဖူးတယ်မလား၊ အဲ့ဒါကြောင့်မလို့ သူတို့သင်ပေးလိုက်တဲ့ ဆေးပညာနဲ့ပတ်သတ်တဲ့ အလုပ်ကိုလည်း မလုပ်စေချင်ဘူး ''

" ဝေး နားလည်ပါတယ်မောင်ရယ်၊ ဒါပေမယ့် ဝေးက ကလေးမဟုတ်ဘူးလေ၊ အိမ်ထောင်ကျပြီးသားလူတစ်ယောက်၊ လက်နှစ်ဖက် ခြေနှစ်ဖက်အပြည့်အစုံနဲ့ ယောက်ျားတစ်ယောက်၊ အဲ့တော့ ဒီတိုင်းကြီးတော့ ထိုင်မနေချင်ဘူး၊ ဝေး တတ်နိုင်တဲ့အားလေးနဲ့ အိမ်ထောင့်တစ်နေရာ တာဝန်ယူချင်သေးတယ်လေ ''

လက်တွဲဖော် ( My Dear )Where stories live. Discover now