{ Unicode Version }
ဆေးရုံမှာ ၃ရက်ခန့်နေပြီး ဝေးတို့တွေ ဆေးရုံကဆင်းလာခဲ့ကြသည်။
ပိုးကဗျာမှူး၊ ဒေါ်ယုယလှိုင်နှင့် မိအေးတို့က အငှားကားနဲ့ပြန်လာကြပြီး ဝေးနှင့်ပိုင်စေကတော့ ဆိုင်ကယ်လေးနဲ့သာဖြစ်၏။
ကားရော ဆိုင်ကယ်ပါ ခြံတစ်ခြံရှေ့တွင်ထိုးရပ်သွားပြီး ပိုင်စေက ဆိုင်ကယ်ပေါ်မှ ခပ်သွက်သွက်ဆင်းကာ ခြံတံခါးဖွင့်ပေးလိုက်သည်။
နှစ်ဖက်ပါ သံပန်းခြံတံခါးကြီးပွင့်သွားတော့ ခြံအတွင်းမှ တစ်ထပ်မျှသာရှိသော တိုက်ကလေးတစ်လုံးက ထည်ဝါစွာတည်ရှိနေ၏။
ပိုင်စေသည် ဆိုင်ကယ်ကိုတွန်းကာ ခြံထဲဝင်လာသလို ပိုးကဗျာမှုးကလည်း သူ့သားလေးကိုသူချီကာ အိမ်ထဲဝင်သွား၏။
ပိုင်စေ အိမ်ထဲကပြန်ထွက်လာပြီး ဝေးဆီက သဲသဲလေးကို ချီလိုက်သည့်အတွက် ဝေးက ဝှီးချဲဖြင့်သာ သွားလာနေရသည့် ဒေါ်ယုယလှိုင်ကို အိမ်ထဲသို့ခေါ်လာခဲ့သည်။
မိအေးကတော့ ဆေးရုံသုံးပစ္စည်းများထည့်ထားသော ခြင်းနှစ်ခြင်းကို မနိုင်မနှင်းသယ်လာသည်။
အိမ်ထဲရောက်တော့မှ ဝေး အိမ်အတွင်းပိုင်းကိုရှင်းလင်းစွာ မြင်လိုက်ရသည်။
ဧည့်ခန်းပါပြီးသည့်အပြင် အခန်း ၄ခန်းနှင့် ကျယ်ကျယ်ဝန်းဝန်းရှိလှသည်။
'' မိအေးရေ...အဲ့ဒါတွေနောက်မှရှင်း၊ ငါ့သားလေးအတွက် အိပ်ရာလာပြင်ပေးပါဦး၊ ငါ့အခန်းထဲက စောင့်နေမယ် ''
'' ဟုတ်ကဲ့ မမလေး ''
သူ့အခန်းရှိရာဆီသွားနေသည့် ပိုးကဗျာမှူးနောက်ကိုလိုက်သွားသည့် မိအေးက ဝေးက တားလိုက်သည်။
'' နေ နေ၊ မိအေး ငါသွားလိုက်မယ်၊ နင်လုပ်စရာရှိတာလုပ် ''
'' ဟုတ်ကဲ့ အစ်ကိုလေး ''
မိအေးသည် လက်ဆွဲခြင်းနှစ်ခြင်းကိုယူကာ မီးဖိုချောင်ဘက်သို့ ဝင်သွားတော့သည်။
ပိုင်စေသည် သဲသဲလေးကိုချီကာ အိမ်ထဲမဝင်ဘဲ ခြံထဲတွင်လမ်းလျှောက်နေ၏။
ESTÁS LEYENDO
လက်တွဲဖော် ( My Dear )
Ficción Generalအချစ်ဖြင့်တည်ဆောက်ထားသော အိမ်ထောင်ရေး.....။ အဆုံးသတ်ကရော...........