အခန်း ( ၂၀ ) - ကိုမြတ်ဦး+ပိုးကဗျာမှူး

320 30 13
                                    

{ Unicode Version }

'' မေမေ... ''

ဝေးရဲ့နှုတ်ဖျားမှ ထွက်ကျလာသည့် စကားသံအဆုံး ထိုဝှီးချဲနှင့်အမျိုးသမီးက မယုံကြည်နိုင်စွာ  လှည့်ကြည့်လာသည်။

ဝေး ထိုအမျိုးသမီးရှေ့တွင် ဒူးထောက်ထိုင်ချလိုက်ကာ သူ့(မ)လက်ကိုဆုပ်ကိုင်လိုက်တော့ မေမေ့ရဲ့လက်ဖျားဆီက အေးစက်မှုကို ခံစားလိုက်မိ၏။

'' သားလေး..... ''

မေမေက ဝေးရဲ့ပါးနှစ်ဖက်ကို လက်ဝါးဖြင့်အသာအယာ ပွတ်ပေးနေရင်း

'' သားလေး...မေမေ့ဆီပြန်လာခဲ့ပြီလား ''

မေမေဟာ အရင်ကနှင့်မတူစွာ ဖျော့တော့နေပြီး စကား​ပြောရာတွင်လည်း အရင်လို မသွက်လက်တော့ဘဲ လေးလံစွာဖြင့် တစ်လုံးချင်းစီသာပြောနိုင်တော့သည်။

အရင်က ပြည့်ပြည့်ဝဝခန္ဓာကိုယ်ဟာ အခုဆိုရင် အနည်းပိန်ကျသွား၏။

စိုးရိမ်ပူပန်မှုအပြည့်နှင့် မေမေ့ရဲ့မျက်နှာမှာ ဝမ်းနည်းစွာဖြင့်စီးကျနေသည့် မျက်ဝန်းတစ်စုံလည်းရှိနေသေးသည်။

ပိုင်စေကတော့ သမီးလေးကိုချီရင်း ထိုလူသားနှစ်ဦးကို ရပ်ကြည့်နေမိသည်။

ဒီလိုပုံရိပ်လေးကို ပိုင်စေ ဟိုးအရင်ကတည်းက မြင်ချင်ခဲ့သည်မဟုတ်လား။

အခုသူလည်း ရည်ရွယ်ချက် ပြည့်ဝခဲ့သလို ဝေးလည်း ပျော်ရွှင်နေရပြီဖြစ်တာကြောင့် သူကျေနပ်သွားရ၏။

'' မေမေ... မမရော... ဘယ်လိုနေလည်းဟင် ''

'' သား မမပိုးက အခု ခွဲခန်းထဲမှာသား... ''

'' သူ့အမျိုးသားရော ဘယ်မှာလဲ၊
မပါဘူးလား ''

ဝေးရဲ့ အမေးကို မဖြေနိုင်သေးဘဲ မေမေ့မျက်ဝန်းအိမ်ထဲမှာ မျက်ရည်စတို့ဖြင့် တဖန်ပြန်ပြည့်နှက်လာသည်။

မေမေသည် ဝေးရဲ့အမေးကို မဖြေနိုင်ဘဲ ဝေးရဲ့ဆံပင်တွေကိုသာ အသာဖွပေးနေပြီး ခွဲစိတ်ခန်းထဲသို့သာ ငေးကြည့်နေစဥ် ခွဲစိတ်ခန်းတံခါးပွင့်လာပြီး နာ့စ်မလေးတစ်ဦး အပြေးထွက်လာသည်။

သူတို့အားလုံး၏ အာရုံက ထိုနာ့စ်မလေးဆီသို့ စုပုံကျသွား၏။

လက်တွဲဖော် ( My Dear )Where stories live. Discover now