{ Unicode Version }
" မောင် သွားတော့မယ်နော် ဝေး ''
ဆိုင်ကယ်ဦးထုပ်ကိုယူကာ အိမ်အောက်သို့ဆင်းနေရင်း ပြောလာသည့် ပိုင်စေ့အသံရဲ့နောက်မှာ ဝေးဟာ တပ်ကြပ်မကွာ။
ဆိုင်ကယ်နားအရောက် ဝေး မောင့်ရှေ့တွင်တည့်တည့်ရပ်ကာ
" အွန်း ဂရုစိုက်နော် မောင် ''
ဝေး ပိုင်စေ့ပါးတစ်ဖက်အား နမ်းရှိုက်လိုက်တော့ ပိုင်စေသည် ဝေး၏ပါးနှစ်ဖက်ကို ညင်သာစွာ ဖျစ်ညှစ်လိုက်၏။
ပိုင်စေ လွှတ်လိုက်တော့ ဝေးဟာ သူ့ပါးနှစ်ဖက်အား အသာအယာပွတ်လျက်
" အဲ မောင့်နာရီမေ့နေပြန်ပြီလား၊ ဝေး သွားယူလိုက်ဦးမယ် ''
ဆိုကာ လှည့်အထွက် ပိုင်စေ ဝေးရဲ့လက်ကို လှမ်းဆွဲလိုက်သည်။
" မောင့်နာရီက အားကုန်သွားတယ်ထင်တယ်၊ မလည်တော့ဘူး။ အဲ့ဒါကြောင့် အလုပ်ပိတ်ရက်မှ မောင် ပြင်နေကျဆိုင်သွားပြင်မလို့ ထားခဲ့လိုက်တာ ''
" ဟုတ်ပါပြီ၊ ကဲ ဂရုစိုက်သွားနော် မောင် ''
" မောင် သွားပြီနော် ဝေး ချစ်တယ် ''
အနမ်းတို့ကို လက်ဝါးပေါ်တင်ကာ လှမ်းပစ်လိုက်သည့် အမူအရာတို့ပြပြီး ထွက်သွားသော ပိုင်စေ့အား ဝေး လက်ပြရင်း ကျန်နေခဲ့လေသည်။
အိမ်ပေါ်တက်လာကာ မောင့်နာရီအား လိုက်ရှာလိုက်လေသည်။
ဟော ဝေးတို့အခန်းထဲမှ ဗီဒိုအံဆွဲထဲတွင် နာရီလေးဟာ ငြိမ်သက်လျက်။
ပိုင်စေ ပြောခဲ့သည့်အတိုင်း နာရီလက်တံလေးတွေဟာ တုပ်တုပ်မျှပင်မလှုပ်တော့ဘဲ ရပ်နေတော့သည်။
ဝေး နာရီလေးကို.ယူကြည့်လိုက်တော့ နာရီမှငွေရောင်လက်လက်တို့မှာ အရောင်ပင်မှိန်နေလေရဲ့။
ဘယ်လောက်တောင်များကြာခဲ့ပြီလဲ။ မောင် ပြောသလို ပြင်သုံးလာရသည်မှာ အချိန်ဘယ်လောက်ရှိခဲ့ပြီလဲ။ ဘာလို့ နာရီအသစ်မဝယ်ခဲ့ရတာလဲ။
စသည့် လဲပေါင်းများစွာသော မေးခွန်းတွေကို ကိုယ့်ကိုယ်ကိုယ် ပြန်မေးနေမိသည့် ဝေးပါလေ။
أنت تقرأ
လက်တွဲဖော် ( My Dear )
قصص عامةအချစ်ဖြင့်တည်ဆောက်ထားသော အိမ်ထောင်ရေး.....။ အဆုံးသတ်ကရော...........