အခန်း ( ၁၉ ) - ပြန်လည်ဆုံတွေ့ချိန်

339 28 41
                                    

{ Unicode Version }

'' အို...အေ...အေ..အို ''

ပိုင်စေက ခရီးကပြန်ရောက်,ရောက်ချင်း မမျိုးရဲ့စကားကြားလိုက်ရတော့ လူက ဆို့နင့်သွားရသည်။

ဝေးက သမီးလေးကိုချီထားကာ လမ်းလျှောက်ရင်း ချော့မြူနေလျက်။

အမေဖြစ်သူ၏လက်ပေါ်မဟုတ်၍ ကလေးက နည်းနည်းဂျီကျချင်နေသည်။

ပိုင်စေကတော့ မမျိုးဘေးတွင်ကပ်ထိုင်ကာ မမျိုးကို နှစ်သိမ့်ပေးနေသည်။

'' သူ့အလုပ်ကသူဌေးက ဖုန်းဆက်ပြောတာ၊ ကိုဇော် ဦးနှောက်သွေးကြောပြတ်ပြီး ဆုံးသွားပြီဆိုပြီး...ဟင့်... ကြားကြားချင်း ယုံတောင်မယုံနိုင်ဘူး...ရွှတ်... မမျိုးယောက်ျားက လူကောင်းလူအေးလေးပါ...ဒါကို ဘာလို့များ အစောကြီးခေါ်သွားရတာလဲ...ဟင့် ရွှတ် ဟင့် ''

'' ကျွန်တော် ကိုယ်ချင်းမစာလို့​ပြောတာမဟုတ်ဘူးနော် အစ်မ၊ လူဆိုတာ သေမျိုးပဲလေ၊ ဘယ်နေ့ ဘယ်ချိန်မှာ ဘယ်လိုပုံစံနဲ့ သေရမလဲဆိုတာသာမသိတာ၊ တစ်နေ့နေ့တော့ သေရမှာပဲလေ...အစ်မ စိတ်ကို ထိန်းနော် ''

'' မမျိုးသိပါတယ် ပိုင်လေးရယ်..ဟင့်..ဒါ..ဒါမဲ့ မမျိုး လက်မခံနိုင်ဘူး...ဟင့်...အမလေး..ကိုဇော်ရယ် ''

'' စိတ်ကိုထိန်းပါ အစ်မရယ် ''

'' ဟုတ်ပါတယ် အစ်မရယ်၊ ကိုဇော်ဆုံးသွားပြီဆိုပေမယ့်လည်း ဝေးတို့ရှိပါသေးတယ်၊ အစ်ကိုဇော့်ကို မမီရင်တောင် မလျော့တဲ့မေတ္တာမျိုးနဲ့ ဝေးတို့ စောင့်ရှောက်ပေးမှာပါ... ''

ပိုင်စေ့နည်းတူ ဝေးလည်း မမျိုးကို နှစ်သိမ့်ပေးမိသည်။

အိပ်ပျော်ကာစ သမီးလေး နိုးသွားမည်ဆိုးသည့်အတွက် ဝေး အသံကိုထိန်းပြောနေရသည်။

'' မမျိုး သိပါတယ်...ရွတ်...ကိုဇော် သေသွားတာကို လက်မခံနိုင်နေတာပါ... ကိုဇော်က မမျိုးတို့ သားအမိကို စိတ်ချသွားပြီ ထင်ပါတယ်  ဟင့်... ''

'' အစ်ကိုဇော် စိတ်ချသွားရကျိုးနပ်အောင် အစ်မတို့သားအမိက ကျန်းကျန်းမာမာနဲ့နေသွားကြရမယ်လေ၊ ဒါမှ ကောင်းကင်ဘုံက အစ်ကိုဇော်က ကျေနပ်မှာပေါ့ ''

လက်တွဲဖော် ( My Dear )حيث تعيش القصص. اكتشف الآن