{ Unicode Version }
"သာဓု သာဓု သာဓု ''
ဝေး ဘုရားကန်တော့ခြင်းကို အဆုံးသတ်ကာ လက်ထဲမှာကြေးစည်အား ဘုရားစင်ပေါ်တွင် ပြန်လည်နေရာချလိုက်၏။
" နောင်....ဝေ.....ဝေ.....''
အခါအခွင့်သင့်စွာ လမ်းမထက်မှ ကြေးစည်သံတလွင်လွင်ကြောင့် ဝေး နာရီကိုတစ်ချက်ကြည့်လိုက်ရာ ၅နာရီပင်ခွဲလျော့မည်။
ဝေး မီးဖိုချောင်အတွင်း အဆင်သင့်ပြင်ထားသည့် ဆွမ်းပန်းကန်နှင့် ဆွမ်းဟင်းပန်းကန်အား ယူကာ ခြံထဲဆင်းလာခဲ့သည်။
ဆိုင်ကယ်အရောင်ကိုမှ နက်ပြောင်စွာတလက်လက်တောက်နေအောင် ဆေးကြောနေသည့် ပိုင်စေသည် လက်အမြန်ဆေးကာ ဝေးဆီသို့ လျှောက်လာခဲ့၏။
ဝေးလက်ထဲမှ ဆွမ်းပန်ကန်အားယူကာ ဝေးနှင့်အတူ အိမ်ရှေ့ထွက်လာကာ ဆွမ်းတန်းအလာကို အတူတူရပ်ကာစောင့်ကြ၏။
အချိန်ငါးမိနစ်ခန့်ကြာတော့ ဘုန်းကြီးကျောင်းသာလေး လေးယောက်နှင့် သံဃာတော် အပါးနှစ်ဆယ်မျှ ဝေးတို့ရှေ့ကြွလာလေသည်။
လမ်းထဲရှိအိမ်တိုင်းနီးပါး ဆွမ်းထွက်လောင်းကြသော ပုံရိပ်လေးမှာ တင့်တင့်တယ်တယ်ရှိလှ၏။
ပိုင်စေ တစ်ပါးချင်း ဆွမ်းလောင်းနေခိုက် ဝေးကတော့ ဆွမ်းဟင်းများအား ဘုန်းကြီးကျောင်းသားလေး၏ချိုင့်ထဲသို့ ပြောင်းထည့်ပေးနေလေသည်။
သံဃာတော်များ အခြားလမ်းသို့ကွေ့သွားမှသာ ဝေးတို့ အိမ်ထဲ ပြန်ဝင်လာခဲ့ကြ၏။
ဝေး အိမ်ထဲတွင် မနက်စာပြင်ဆင်နေစဥ် ခြံထဲမှ ပိုင်စေသည် ဆိုင်ကယ်ရေဆေးပြီး၍ပင် ခြံအနှံ့တံမြက်စည်း လှည်းနေလေ၏။
" မောင် ထမင်းစားရအောင် ''
" လာပြီ လာပြီ ဝေး ''
ဝရံတာဆီမှ ဝေး၏စကားအား စကားပြန်ကာ ရေကန်တွင်လက်ဆေးကာ အိမ်ပေါ်တက်လာခဲ့သည်။
အိမ်ပေါ်တက်တက်ချင်း မြင်လိုက်ရသည့် ဘုရားစင်မှ ရဲရဲနီကာတင့်တယ်နေသည့် ဘုရားပန်းများသည် ပိုင်စေ့စိတ်အား အေးချမ်းသွားလေ၏။
VOCÊ ESTÁ LENDO
လက်တွဲဖော် ( My Dear )
Ficção Geralအချစ်ဖြင့်တည်ဆောက်ထားသော အိမ်ထောင်ရေး.....။ အဆုံးသတ်ကရော...........