" စိတ်ချမယ်နော်။ Jisoo က သေချာ
စောင့်ကြည့်ပေးပါ။ မင်းတို့ရဲ့ အုပ်ထိန်းသူ တစ်ယောက်အနေနဲ့ ဒီကိစ္စကိုလုံးဝ လက်မခံကြောင်း သူတို့ သိပါစေ။"Aircorn ခန်းထဲမှာ ဖြစ်သော်လည်း Jisoo နှင့် Rosè နှစ်ယောက်လုံး ချွေးများ စီးကျလျက်။
သူမတို့ရှေ့တွင် လက်ကို နောက်ပစ်ကာ ခေါက်တုန့်ခေါက်ပြန် လျှောက်ရင်း ပြောနေသော ဒုဥက္ကဌ Hwan Bo Yong ကိုသာ ငေးမော ကြည့်ရှုရင်း ပြောသမျှကို ခေါင်းညိမ့် နားထောင်နေမိသည်။
ဘာကြောင့် ဆိုသည်ကိုတော့ နှစ်ယောက်လုံး စဉ်းစား၍ မရနိုင်သေး။
"မကြာခင်အချိန်အတွင်းမှာ မင်းတို့ တစ်ယောက်ချင်းစီ Album ထုတ်နိုင်ဖို့ ပြင်ဆင်ရတော့မယ်။လေးယောက်လုံးအတွက် Artists တွေ စုံစမ်းနေပြီမို့ အဆင်သင့်ရှိနေကြရမယ်။ထားလိုက်ပါ။ဒါကိုတော့ လေးယောက် စုံမှ သေချာပြောပြမယ်။ အခု ပြန်လို့ရပြီ။ "
"ဟုတ်။ ခွင့်ပြုပါဦး။"
Rosè နှင့် Jisoo အသာ ဦးညွတ်ပြီး ရုံးခန်းထဲမှ ထွက်လာကြသည်။ Rosè က Jisoo ၏ လက်ကို ခပ်ဖွဖွ ဆုပ်ကိုင်လိုက်ကာ
"စိတ်လျှော့ unnie. Mrs.Hwan ဘာတွေပြောသွားလဲ ညီမတောင် နားမလည်ဘူး။ စိတ်ထဲ မထားနေနဲ့။ မဖြစ်မနေ ဆိုရင် ဥက္ကဌ Yang က ပြောလိမ့်မယ်။ အခုက သူ ချည်းပဲ ဖြစ်နေတာ။"
Mrs. Hwan Bo Yong က Jisoo နှင့် rosè ကို နှစ်ယောက်ထဲ ခေါ်ကာ Jennie နှင့် Lisa ၏ ဆက်ဆံရေးကို လက်မခံကြောင်း
နှစ်ယောက်သား အဆက်အဆံ မရှိရအောင် Jisoo နှင့် rosè ကို ထိန်းစေချင်ကြောင်း ပြောသွားခဲ့သည်ပဲ။"တစ်ခုခု စားကြရအောင်။ ညီမတော့ နားညီးပြီး ဗိုက်တွေ ချောင်ကုန်လို့။"
"ငါ စိတ်တွေ ရှုပ်နေလို့ ဆိုင်မထိုင်ချင်တော့ဘူး။ အိမ်ပြန်ရောက်မှ Deli နဲ့ တစ်ခုခု မှာလိုက်တော့။ ပြန်ကြစို့။"
ပြောပြောဆိုဆို rose လက်ကို ဖြုတ်ကာ ကားပေါ် တက်သွားသော Jisoo ကြောင့် rose တစ်ယောက် ကြောင်တောင်တောင်
ဖြစ်ကျန်ရစ်ခဲ့သည်။Unnie က အခုတလော ငါ့ကို စကားကောင်းကောင်းမပြောဘူး။
ဘာလို့လဲ။
ဘာဖြစ်နေတာလဲ။
ငါက လက်တွဲရင် ဘယ်တော့မှ ငါ့လက်ကို ဖြုတ်ချဖူးတာ မဟုတ်ဘူး။

VOUS LISEZ
အချစ်နဲ့ လက်တစ်ကမ်း(Completed)
Fanfictionကောင်မလေးတွေကို ချစ်တဲ့စိတ်နဲ့ ပေါ့ပေါ့းပါးပါး ဖန်တီးမိထားတာလေးပါ။ အမှားအယွင်းများရှိခဲ့လျှင် နားလည်ပေးဖို့ တောင်းပန်လျက်။