"ဆရာ!"
"ဟင်"
အတန်းပြီးတော့ဂျောင်ဂု အနောက်ကို V တယောက်ပြေးလိုက်သွားရင်း လှမ်းခေါ်လိုက်ခြင်း။ လက်ထဲက ကိုင်ထားတဲ့ကုတ်အင်္ကျီလေးကို သေချာခေါက်ထားသည်။ Box smile လေးပေါ်သည်အထိပြုံးပြရင်း
"ကျေးဇူးပါဆရာ။ ပြီးတော့ ဆရာ့လက်ဆောင်အတွက်ရောပဲ"
"အာ....ရပါတယ်။ ဟက်ချိုး....အဟာ..ဆေးသောက်ရမှာမေ့နေတယ်"
V က မပြောမဆိုနှင့် လက်ကိုဂျောင်ဂုနှဖူးပေါ် သို့ဆန့်တန်းကာ လက်ချောင်းသွယ်သွယ်များနှင့် ထိကပ်လိုက်သည်။
နှဖူးကိုစမ်းလို့ မပြီးသေး ပါးကိုပါ လက်ခုံနှင့် ထိလိုက်ပြန်သည်။ ဘေးက ဖြတ်သွားဖြတ်လာလုပ်နေကြသည့်ကျောင်းသားများက မသိမသာကြည့်သွားကြသည်။ ဂျောင်ဂုလည်း V ၏ အပြုအမူကြောင့် မျက်တောင်ခတ်ဖို့ အသက်ရှုဖို့ ပင်မေ့နေတော့သည်။"V!. ....ဘာ..ဘာလုပ်တာလဲ"
"ကိုယ်ပူလားမပူလားစမ်းကြည့်တာပါဆရာ။ ကိုယ်နွေးနေတယ် ဆေးရော သောက်ရဲ့လား"
ဂျောင်ဂုပါးကိုထိထားသည့်လက်ခုံက လက်ဖဝါးအဖြစ်ပြောင်းသွားသည်။ လယ်သွယ်သွယ်များက ဂျောင်ဂုပါးပြင်ပို နုနုညံ့ညံ့ကြီးစိုးထားသည်။ လက်ဖနောင့်က ဂျောင်ဂုနှုတ်ခမ်းပါးနှင့်ထိလုထိခင်ဖြစ်လျက် ။Vရဲ့အကြည့်က ဂျောင်ဂုနှုတ်ခမ်းတွင်သောင်တင်နေတော့သည်။ ဂျောင်ဂု က ထိုလက်ကို ဖယ်ရှားခြင်း မပြုသည့်အပြင် ထိုလက်ပေါ်မှ အုပ်မိုးဆုတ်ကိုင်ကာ...
"အဆင်ပြေပါတယ်။ ခုလိုဂရုစိုက်ပေးတဲ့ တပည့်ရှိတော့ ပိုတောင် အားရှိသွားပြီ"
ထိုအခါမှ V တစ်ယောက် လက်ကို ပြန်ရုတ်လိုက်ကာ...
"ဒါ..ဒါဆို ခွင့်ပြုပါဦးဆရာ"။
ဂျောင်ဂု က ပြုံးရယ်လျက် ကုတ်အင်္ကျီကို ပိုက်ကာ ဆရာများနားနေခန်းထဲဝင်လာခဲ့သည်။
ကာယချိန်....
အတန်းချိန်များပြီး၍ ကျောင်းဘေးရှိ အားကစားကွင်းထဲ၌ နွားနို့သောက်နေသောဂျောင်ဂု။ သစ်ပင်ကြီးများနှင့် မြက်ခင်းပြင်သာရှိသောမြင်ကွင်းကို မမှိတ်မသုန်ကြည့်ရင်း မြင်ယောင်နေသည်က V ကို။ မိုးရေထဲ ခေါင်းငုံ့ကာ လမ်းလျှောက်လာသည့် V၏ ပုံရိပ်က ယခုအထိ ဂျောင်ဂုစိတ်ကိုဖမ်းစားထားသည်။
BẠN ĐANG ĐỌC
𝐸𝐺𝑂 ( C͙o͙m͙pl͙e͙t͙e͙)