အခန်း၂၀

2.4K 245 2
                                    

"ဆရာ....ကျွန်တော့်ကို ရူးစေချင်နေတာလား။ ကျွန်တော်ထပ်ပြီး သည်းမခံနိုင်တော့ဘူးနော်....အဲ့လို ရှောင်နေရင် ကျွန်တော် ရူးပြီးသေလိမ့်မယ်ဗျ။ "

"....."

"ဘာလဲ...စိတ်ကုန်သွားတာလား။ မချစ်တော့ဘူးလား။ ကျွန်တော့်ကို မချစ်တော့ဘူးလားလို့!!!"

"V. ....ငါမင်းကိုချစ်လို့ခုလိုရှောင်နေတာပါလို့ ငါခဏခဏပြောခဲ့တယ်..."

"အဓိပ္ပါယ်မရှိတာဗျာ....အဲ့လိုရှောင်ပေးရုံနဲ့ ကျွန်တော် စာကို စိတ်ဝင်စားနိုင်မယ်ထင်လို့လား...ဟမ်...ပြောစမ်းပါ..."

"ငါ့ကို ဘာလုပ်စေချင်တာလဲ.... ငါ့ကိုတွေ့နေရရင် မင်းသိချင်တဲ့အကြောင်းတွေ မသိရလို့စိတ်တိုနေပြီးတော့... အခုလို ရှောင်နေတော့လဲ မကြိုက်ဘူးတဲ့ မင်းဘာဖြစ်စေချင်နေတာလဲကွာ"

လပိုင်းတောင်ရှိရော့ပေါ့။ ဆရာကျွန်တော့်ကို ပစ်ထားတာ ။ အစစအရာရာ လိုအပ်မှုမရှိအောင် လုပ်ပေးနေတော့ စကားတောင် စ လို့မရခဲ့ဘူး။ အိပ်ယာချင်းက ခွဲအိပ်သေးတယ်။ ထမင်းစားချိန်လဲမတူပြန်ဘူး။ တစ်အိမ်ထဲနေရပြီး တွေ့ရတဲ့အချိန်က သိပ်နဲတာပဲ။ ကျွန်တော် ဘယ်လိုသည်းခံရမလဲ။ ကျွန်တော် ဘယ်လို ခံစားရမလဲ။

"ကျွန်တော်မေးခွန်းနဲနဲလောက်မေးလို့ရမလား"

"ငါဖြေနိုင်တာ ဖြေမယ်"

"ကောင်းပြီ..."

ဆရာက အိမ်ပြန်ရောက်တာနဲ့ သူ့အခန်းထဲ တန်းဝင်တာ။ တခါတလေ ကျွန်တော်တောင်မသိလိုက်ဘူး။ ဒီနေ့တော့ ကျွန်တော် ဆရာနဲ့ ရှင်းမှရတော့မှာမို့ ဆရာ့အခန်းထဲ ဝင်စောင့်နေတာ။ ကျွန်တော့်ကိုမြင်တော့ ဆရာက အပြင်ပြန်ထွက်မလို့ လုပ်တယ်တဲ့... အဟက်။ အဲ့လိုနဲ့ပဲ အခုလို မအော်ချင်ပဲ ဆရာ့ကို အော်နေရတယ်။

"ကျွန်တော့်ကို ချစ်လား"

တခြားကို ကြည့်နေသည့် မျက်ဝန်းဝိုင်းလေးက မျက်ရည်စတချို့နှင့်လှည့်ကြည့်လာသည်။ တဆက်ဆက်တုန်နေတဲ့ နှုတ်ခမ်းပါးအောက်က မှဲ့ကလေးက အရောင်ပင်မှိန်နေသယောင်...။

"ချစ်တာပေါ့...မင်းကိုမှ မချစ်ရရင် သေနိုင်လောက်တဲ့အထိကို ချစ်တာ... "

𝐸𝐺𝑂 ( C͙o͙m͙pl͙e͙t͙e͙)Donde viven las historias. Descúbrelo ahora