အခန်း ၁၂

2.4K 262 14
                                    

"ဆယ်..ဆယ်နာ"

"Oppa~"

ဂျောင်ဂုတို့ အထုတ်တွေတောင်မချရသေးခင် hotelရှေ့၌ စောင့်ကြိုနေသူက V ၏ ရန်သူတော် ဂွန်ဆယ်နာ ။ ဂျောင်ဂုကိုမြင်သည်နှင့် ဂျောင်ဂုနားအပြေးလာကာ လက်ကို ပိုင်စိုးပိုင်နင်းနှင့် ဆွဲဖက်လိုက်လေသည်။ V အပါအဝင်တခြားလူများက နေရာ၌ ရပ်ကြည့်နေကြသည်။ ဆယ်နာတစ်ယောက် ဝတ်ထားသည်က ရင်တဝက်မျှပေါ်တော့မည့် ဂါဝန်အပါးသားလေး။

"ဖယ်..ဖယ်ပါ ဆယ်နာရဲ့...ကလေးတွေအရှေ့မှာ"

"ဟွန်...ဘာဖြစ်လဲ oppaရယ် မကြာခင် လက်ထက်ရတော့မယ့်သူတွေပဲကို...oppa အတွက်အခန်း ပြင်ထားတယ်... လာ ဆယ်နာလိုက်ပြမယ်"

တစ်ယောက်တစ်ခန်းနှုန်းနှင့် စပွန်ဆာပေးထားသည်ဖြစ်၍ ကျောင်းသားကျောင်းသူများက ကို့အခန်းသော့ ကိုယ်ယူကာ အလျှိုလျှို ထွက်သွားကြသည်။

"နေ့လည်၃နာရီ ဒီနေရာမှာ ပြန်စုရမယ်"

"ဟုတ်ကဲ့"

"ဟုတ်.."

V တစ်ယောက် ရှေ့က ပလူးပလဲ လုပ်နေသည့် ဆယ်နာ့ပုခုံးကို အားနှင့်စောင့်တွန်းလိုက်ရာ...

"အာ့.."

"အာ..ဆော..ဆောရီးပါခဗျာ ကျွန်တော်မူးနေလို့ မမြင်မိတာ"

"အွန်ရပါတယ်...Oppa ဆယ်နာနဲ့ ကမ်းခြေမှာ လျှောက်လည်ရအောင်လေ... နေ့လည်စာ ဆယ်နာတကာခံပါ့မယ်"

"မရဘူးဆယ်နာ ကျွန်တော် ကလေးတွေကို ထိန်းရမယ့်တာဝန်ရှိတယ်"

ဂျောင်ဂုက ငြင်းနေသော်လည်း မရ။ ဆယ်နာက တဇွတ်ထိုး ဂျီကျနေတော့သည်။ လူမြင်ကွင်းမို့ ဂျောင်ဂုရှက်လာကာ...

"ဟုတ်ပြီ ခဏပဲ ရမှာနော်"

"ရေး...ဒါမှ ဆယ်နာ့oppa"

V တစ်ယောက်လက်သီးကို ကျစ်ကျစ်ပါအောင်ဆုတ်ကာ အံကျိတ်နေမိသည်။

ဒင်း ငါနဲ့တွေ့မယ်...

နေ့လည်ရောက်တော့ ကျောင်းသားများ hotelရှေ့ရောက်နေကျပြီ။ ဆရာများကအရှေ့မှ ဦးဆောင်ကာ ဆိုင်တစ်ဆိုင်သို့ လမ်းလျှောက်သွားကြသည်။ ကမ်းခြေနှင့် အလှမ်းဝေးသော်လည်း ကမ်းစပ်ကိုမြင်နေရသည့် စားသောက်ဆိုင်လေး။ V တစ်ယောက် ဂျောင်ဂုကို လိုက်ရှာနေသော်လည်း မတွေ့သည်ဖြစ်၍ စိတ်ပျက်လက်ပျက် ဖြစ်နေတော့သည်။

𝐸𝐺𝑂 ( C͙o͙m͙pl͙e͙t͙e͙)Donde viven las historias. Descúbrelo ahora