အခန်း၉

2.5K 269 4
                                    

<ကျောင်းသားပေါင်းစုံအားကစားပြိုင်ပွဲ>

"အားလုံးပဲ ကျောင်းဂုဏ်ကိုဆောင်ကြရအောင်...အစွမ်းကုန်ကြိုးစားကြ"

"ဟုတ်ကဲ့ဆရာ..."

ကာယဆရာ၏ အမိန့်သံဟာ အားကစားကွင်းထဲ၌ ဟိန်းလျက်။ အားကစားနည်းအမျိုးပေါင်းစုံပါဝင်သည့်အပြင်  ကျောင်းသားများ ရောက်ရှိနေခြင်းဖြစ်၍ ကျောင်းကြီးဟာ စည်ကားနေသည်။

ဂျောင်ဂုနဲ့ V ကတော့ ခေါင်မိုးထပ်ထောင့်လေးတစ်နေရာ၌။...

"ဟူး...."

"ဟား....မောလိုက်တာ"

"မင်း...ဟူး...မင်း..."

"အသက်အရင်ရှူ...ပါ....ဦး....ဟူးးး"

နှစ်ယောက်သား ချွေးများစိုလျက် အသက်မရှူနိုင်သည်အထိမောနေကြသည်။ အကြောင်းက Vတယောက် ဂျောင်ဂုလက်ဆွဲပြီး ခေါင်မိုးပေါ်ပြေးတက်လာသောကြောင့်...

"ပြော...ဘာလို့ ဒီခေါ်လာတာလဲ"

"ဆရာ့နားက ရစရာရှိတာ ယူမလို့"

"ဘာလဲ..."

"ခွန်အားတွေ "

"ဟမ်..."

"ကျွန်တော် အပြေးဝင်ပြိုင်ရမှာ နိုင်ရင်ဆုကြေးကမနဲဘူး။ အဲ့လိုပြေးနိုင်ဖို့ ဆရာ့ရဲ့ အနမ်းလေးတစ်ပွင့်ရမှဖြစ်မယ်။
ဆရာ....ကျွန်တော့်ကို တခါလောက်ပေးနမ်းပါ"

"ဟာ..တစ်ယောက်ယောက်မြင်သွားရင်.."

"ဘယ်သူမှမမြင်ဘူး ကျွန်တော် တံခါးပိတ်ခဲ့ပြီ"

"မင်းနိုင်မှာပါ ငါမနမ်းရင်တောင် နိုင်အောင်ပြိုင်မှာ ငါသိတယ်"

"မရဘူး...အားလိုတယ် ခွန်အားတွေ.. အချစ်ခွန်အားတွေ..ဆရာပေးမှရမှာ...နော်...တခါလောက်"

ဂျောင်ဂု နဲနဲတော့လန့်နေပါသည်။ ကျောင်းမှာဖြစ်သည်ကတကြောင်း...ခေါင်မိုးထပ်မို့ မြင်ကွင်းရ ရှင်းလင်းနေသည်ကတကြောင်း..။

"အင်း... မြန်မြန်နော်"

"Yeah!. ...Come on baby"

"ထုလိုက်ရ ဆရာကို ဘာဘေဘီလဲ"

"လာပါ...babyရဲ့"

V တစ်ယောက် ဂျောင်ဂု ပါးကိုကိုင်ကာ အားရပါရစုတ်နမ်းတော့သည်။ အသက်ရှုကြပ်လာသည့် ဂျောင်ဂုက လက်သီးလေးနဲ့ထုကာ ရပ်ရန် အချက်ပြသည်။ သို့သော် မရပ်နိုင်ပဲ အလိုရမက်မီးတွေ တဟုန်းဟုန်းတောက်လောင် နေသော V က ဂျောင်ဂုအား နံရံအားကပ်လိုက်ကာ လည်ပင်းတွေအထိ နမ်းနေသည်။ လျှာနှင့်လျက်ကာ နမ်းခမ်းနှင့်ထိကပ်ပြီးသည်အထိအားမရပဲ စုတ်ယူလိုက်သည်။

𝐸𝐺𝑂 ( C͙o͙m͙pl͙e͙t͙e͙)Tempat cerita menjadi hidup. Temukan sekarang