အခန်း၆

2.7K 299 11
                                    

"ဒီလို ဆရာရဲ့..."

"ဘယ်သူမှမရှိချိန်တူလေးပဲခေါ်ပါ ဦးလေးရယ် သူစိမ်းမှမဟုတ်တာ"

"ဟုတ်ပါပြီဗျာ...ဒီလိုတူလေးရဲ့ အဲ့ကလေးက တအားဆင်းရဲတယ်။ အလယ်တန်း၃နှစ်လောက်သူနားသွားသေးတယ်။ သူ့သူငယ်ချင်းတွေပြောတာအဖေ့ဆီကထွက်ပြေးတာတဲ့။ သူက စာသိပ်တော်တယ်။ ပြီးတော့တူလေး ဒီလက်ရေးကိုကြည့်ကြည့်။ သူ့လက်ရေးပဲ ။ သူခိုးချတာမဖြစ်နိုင်ဘူး"

ဂျောင်ဂု တွေဝေသွားသည်။ ထိုစာရွက်အပိုင်းစမှာမြင်နေရသည့်လက်ရေးက တခြားလူများသို့မဟုတ်...စာလုံးတလုံးဆုံးလျှင် ကော့တက်သွားသည့် မှင်များကြောင့်အိမ်စာစစ်တိုင်း သူVကိုသတိထားမိခဲ့သည်။

"ဒါဆို...သူ့မှာအကြောင်းတစ်ခုခုရှိလိမ့်မယ်ထင်တယ်ဦးလေး"

"ဟုတ်မဟုတ်မသေချာပေမယ့် သူက စာပြောပြရင်းစီးပွားရှာနေတယ်လို့ကြားတယ်။ ဦးလေးလဲ သိပ်မပြောချင်ဘူးကွာ...အဲ့ကလေးအမေက ရောဂါနဲ့ဆိုတော့...ကဲ...တူလေးပဲ လမ်းမှန်ပို့ပေးဖို့တောင်းဆိုပါရစေ။ သူက တခြားသူတွေကို သိပ်အဖတ်မလုပ်ဘူး။ တူလေးကိုကျ တော်တော်လေးစားပုံရတယ်။ ထိုးတာတောင်တချက်မှမကြည့်ပဲ ဒီတိုင်းထွက်သွားတာ...တခြားဆရာတွေဆို သူကဘု ကြည့်ကြည့်တာ..ဟားဟား"

"ကျွန်တော့်မျက်စိထဲမှာ သူက လိမ္မာတဲ့ကလေးပါ ကြိုးစားတယ်ရိုးသားတယ်။ အဲ့တာကြောင့်သူခိုးချတယ်ဆိုလို့ ဆုံးမလိုက်တဲ့သဘောပါ။ ခုလိုသိရတော့ နောက်တချက် ထပ်ဆုံးမမှရမယ်"

"ကလေးကို နားလည်အောင်ပဲပြောပါတူ​လေး ရယ်။ သူ့ကိုစိတ်ဒဏ်ရာ မရစေချင်လို့ပါ"

"ကျွန်တော်နားလည်ပါတယ်ဦး။ သွားခွင့်ပြုပါဦး"

******

ကျောင်းသားများ အလျိုလျိုထွက်လာကြသည်။ ဂျောင်ဂု နာရီကို ငုံ့ကြည့်လိုက်တော့ ကျောင်းဆင်းချိန်ဖြစ်သည်။ အိမ်အစောပြန်ပြီး သာမာန်လူကဲ့သို့ အင်္ကျီအနက်ဘောင်းဘီအနက် ဦးထုတ်အနက် ဝတ်ကာ ကျောင်းရှေ့သို့ပြန်လာပြီး V ကိုစောင့်ကြည့်နေသည်။ mask ကလည်း တပ်ထားသည်မို့ ဘယ်သူဘယ်ဝါ မရိပ်မိကြ။

𝐸𝐺𝑂 ( C͙o͙m͙pl͙e͙t͙e͙)Onde histórias criam vida. Descubra agora