"ဆယ်နာ အဆင်ပြေရဲ့လား"
Hotel အထိ တွဲလာရသည်။ တွဲလာသူက V နှင့် ဂျောင်ဂု ။ ဆယ်နာကို အလယ်မှာထားကာ ဂျောင်ဂုနှင့် V တို့က လက်ချောင်းများချိတ်ဆက်ထားသည်။ လူလစ်ရင် လစ်သလို အကြည့်စိုက်လိုက် နှုတ်ခမ်းဆူပြလိုက်နှင့်။ ဆယ်နာတစ်ယောက် သာခွေယိုင်ဖြစ်နေသည်ကိုတောင် ဂရုမစိုက်နိုင်ပါပေ။ မကောင်းတတ်လို့ဂျောင်ဂုမေးလေတော့...
"ဆယ်နာ အခန်း မြန်မြန်ပြန်မှရမယ်...သွား...သွားပြီနော် "
ချိနဲ့ချိနဲ့နှင့် နှစ်ယောက်ကြားမှ ထွက်ပြေးသွားသည့် ဆယ်နာကို V တစ်ယောက် ပြုံးပြုံးကြီးကြည့်နေတော့သည်။
"မင်းလက်ချက်မှန်း ကိုသိတယ်"
"ဆရာသိတာကိုလဲကျွန်တော်သိတယ်"
"ကိုသိတယ်ဆိုတာမင်းသိမှန်းလည်းကိုသိတယ်"
"ဟားဟားဟား ဆရာ..."
"လူဆိုးလေးကွာ..."
ဂျောင်ဂုက Vဆံပင်များကို ဂုတ်နားမှယူကာ ဖွလိုက်သည်။
"ကို့ရဲ့ baby bearလေး...တအားချစ်ဖို့ကောင်းတာပဲ...ကို့ကိုအဲ့လောက်သဝန်တိုလား"
"ဖြစ်နိုင်ရင်သေဆေးပါ..."
"ရှူး....V. .."
ဂျောင်ဂုက လက်ညှိုးလေးကို V နှုတ်ခမ်းအားထိကပ်ကာ ရပ်ခိုင်းလိုက်သည်။ အနားတွင်တစ်ယောက်မှမရှိသော်လည်း ကြားသွားရင် ပြဿနာတက်မည်စိုး၍။
"ဘယ်အခန်းလဲ"
"ကျွန်တော်က ဒီအခန်း...ဆရာကရော.."
"ကိုက ဆယ်နာနဲ့ဘေးချင်းကပ်ကြီး"
"ကျွန်တော်နဲ့လာအိပ်ပါလားဆရာ"
"ကို့ကိုမကြောက်ဘူးလား "
"ဆရာ့ကိုအဲ့စကားမေးရမှာ...ဆရာသတ္တိရှိရင် ကျွန်တော်နဲ့လာအိပ်"
"အာဟား...စိန်ခေါ်ရင် ငရဲထိ လိုက်မှာ"
"စိန်တယ်ဗျာ"
ဂျောင်ဂုနှင့်Vနှစ်ယောက်သား ကမ်းခြေကို ထွက်လာကြသည်။ ကျန်သည့်ကျောင်းသားကျောင်းသူများက လေ့လာရေးဆိုသည့်အတိုင်း စာအုပ်နှင့်ဘောပင်ကိုင်ကာ တခြားဆရာတွေနောက်လိုက်သွားကြသည်။ ဆယ်နာ နေမကောင်းဖြစ်နေ၍ Vကို ခဏ ခေါ်မည်ဟူ၍ ခွင့်တောင်းလာပြီး ကမ်းစပ်၌ ရေဆော့နေကြခြင်း။
ESTÁS LEYENDO
𝐸𝐺𝑂 ( C͙o͙m͙pl͙e͙t͙e͙)