အခန်း၁၄

2.5K 246 2
                                    

အချိန်များ တရွေ့ရွေ့ကုန်ဆုံးလာခဲ့သည်မှာ နှစ်ဝက်တောင်ရောက်ခဲ့လေပြီ။ ဆရာ့ကိုစတွေ့တဲ့ရက်က မနေ့တနေ့ကလို လက်ဆက်နေတုန်းရယ်။ ဒီကြားထဲ မေမေ ခဏခဏနေမကောင်းဖြစ်၍ ကျောင်းတွေလဲ ခဏခဏ ပျက်ရသည်။ ဆရာက ကျောင်းဆင်းလျှင် ကျွန်တော့်အိမ်မှာ စာလာသင်ပေးသည်။ တခြားဘာသာများကိုပါ ကျွမ်းကျင်ပိုင်နိုင်သည့်ကျွန်တော့်ဆရာက ကျွန်တော့်ဘဝကြီး။

ကျွန်တော့်ရဲ့ကမ္ဘာကြီးဖြစ်တဲ့မေမေက သူ့နောက်ဆုံးချိန်ကို ရောက်လာပြီထင်သည်။ ဖေဖေအရင်သွားမည်လား မေမေအရင်သွားမည်လားမသိ။ မေမေနေမကောင်းသည်ကိုသာ ဂရုစိုက်နေခဲ့မိသည်။ ကျွန်တော်က အဲ့လို အတ္တကြီးတဲ့လူ တကိုယ်ကောင်းဆန်တဲ့လူ ။ ဖေဖေ့ကြောင့်မလှပခဲ့တဲ့အတိတ်တွေကို ပြန်တွေးတိုင်း ခုထိ ခွင့်မလွှတ်နိုင်သေးပေ။  ယခုဆိုလျှင် ဖေဖေက အရူးတပိုင်းဖြစ်နေလေပြီ။ အစားမစားရေမသောက်ပဲ ဘယ်နေ့အထိ ရှင်သန်နိုင်မည်မသိ။

တွေးဆဆနှင့် အိမ်ရှေ့မှာလှဲနေတဲ့အဖေဖြစ်သူကို အကြောင်းမဲ့ကြည့်နေသည့်V၏ မျက်နှာက အရင်လို ပြုံးပြုံးရွှင်ရွှင်မရှိနေ။

စာမေးပွဲနီးပြီဖြစ်သောကြောင့် စာကို ကြည့်နေရသော်လည်းမိသားစုကိစ္စက ခေါင်းထဲ အပြည့်နေရာယူထားသည်။

"ဆရာ....ဟာ..ဟာ...ဟာ......မြန်မြန်လာပါတော့ လွမ်းလှပြီ~"

နံရံကနာရီအစုတ်လေးကိုလှမ်းကြည့်လိုက်တော့ နာရီလက်တံများက ၃နာရီ၌ ရပ်နေသည်။ မနက်၃နာရီလည်းမဖြစ်နိုင်... ညနေ၃နာရီလည်းမရောက်သေး။

"V. ..V. .."

အိမ်တံခါးဝမှ ခေါ်သံကြားရသဖြင့် ထွက်ကြည့်လိုက်တော့ ဆိုင်က ဝန်ထမ်းမလေး။

"မင်ယူ..."

"နင့်အမေရော"

"အမေလား...အိပ်နေတယ် မနက်က ၄နာရီထိ မအိပ်ရသေးလို့လေ..."

"အော...ဆိုင်မလာလို့ သူဋ္ဌေးက စားစရာတချို့ပို့ခိုင်းလိုက်လို့...နင့်အမေသက်သာတယ်မဟုတ်လား"

"ဒီလိုပါပဲဟာ သွေးတွေအန်လိုက် နှာခေါင်းထဲက သွေးတွေ စီးကျလာလိုက်နဲ့ ။ ငါ့အမေ ကြည့်တော့ လူက ဖြူဖတ်နေပြီ"

𝐸𝐺𝑂 ( C͙o͙m͙pl͙e͙t͙e͙)Donde viven las historias. Descúbrelo ahora