Zawgyi
တီ....တီ...တီ
ဝင်လာသည့်ဖုန်းသံကြောင့် jin နာရီကိုလှမ်းကြည့်တော့မနက်၂နာရီပဲရှိသေးသည်။
"ဟဲလို...."
"ကျတော်တို့ jimin ရှိတဲ့နေရာကိုသိရပြီ"
အိပ်ပျော်ချင်သလိုဖြစ်နေသည့်မျက်လုံးတွေက ထိုစကားကြောင့်အဆမတန်သာပြူးကျယ်သွားသည်။
"တကယ်လား စုံထောက် jong ကျတော်တို့အခုလာခဲ့လိုရလား"
"အခုလာခဲ့ရင် ပိုအဆင်ပြေမယ်ထင်တယ်"
"ဟုတ်ကဲ့ ကျတော်တို့လာခဲ့ပါမယ် "
ဖုန်းကိုချလိုက်ရင်း အလျင်အမြန်အခန်းထဲကထွက်လာ၍ jungkook ကိုအခန်းသို့ပင်။ဒါအတော်ကိုကံကောင်းတယ်ဆိုရမလားပြောရမည်။ရက်ကြာရင်တော့အဆင်မပြေပေမဲ့အခုတော့ ခဏလေးအမြန်ရှာလို့ရလို့တော်သေးသည်ပင်။
"jungkook jungkook ထတော့"
အိပ်ပျော်နေသောjungkook အသားကိုထိကြည့်မိတော့ကိုယ်နွေးနွေးကြောင့် ဒီကောင်လေးဖျားနေပြီထင်တယ်။စိတ်ထဲမှာ ပြောရမလား မပြောပဲငါ့ဘာသာသွားရမလား ဒွိဟဖြစ်နေမိ။
" jungkook jungkook"
အနည်းငယ်ဖွင့်ဟလာသောမျက်လုံးတွေမှာ ဝေဝါးနေသည်ကြောင့် jin ကို jungkook သေချာမမြင်ရပေ။ထထိုင်လိုက်ရင်း ခေါင်းကိုအနည်းငယ်ဖိကာ jin hyung အားကြည့်လိုက်မိသည်။စိတ်ထဲတွင်အိပ်ယာဘေးကိုကြည့်မိတော့ jimin မရှိပေ။
" jungkook ငါ့ကိုသေချာကြည့်!!!! jimin jimin ရှိတဲ့နေရာသိပြီ jungkook"
ထိုစကားလုံးတွေကြားလိုက်ရချိန်မှာ ကုတင်ပေါ်ကဆင်းပြီးအခန်းပေါက်သို့သွားမည့်ခြေထောက်တွေကယိုင်လဲလုနီးပါးတွင် jin သည်အလျင်အမြန်ထိန်းကာ ကုတင်တွင်ပြန်ထိုင်ခိုင်းလိုက်သည်။
"jungkook မင်းဒီပုံစံနဲ့သွားလို့မဖြစ်ဘူး မင်းကိုယ်နွေးနေတယ် jungkook"
" ဒီအခြေအနေမှာ ကျတော်ကအရေကြီးနေလား jin hyung ကျတော်အမြန်သွားမှဖြစ်လိမ့်မယ် နားထဲမှာလေ jimin အသံတွေပဲကျတော်ကြားနေရတယ် jin hyung ကျတော်ရူးချင်နေပြီ သိလား ကျတော့်မျက်စိအောက်ကတခါမှမပျောက်ဖူးတဲ့သူက အခုဘယ်လိုများဖြစ်နေပြီလဲဆိုသည့်စိတ်နဲ့ ကျတော်ရူးသွားလိမ့်မယ် hyung"
![](https://img.wattpad.com/cover/182296174-288-k163430.jpg)
YOU ARE READING
if our love is wrong
Fanfictionစိတ်ရောဂါဖြစ်နေသည့် park jimin နှင့် ကိစ္စတခုအတွက်နဲ့ jimin ကိုစောင့်ရှောက်ပေးရင်းလက်ထပ်ဖြစ်သွားသည့် jeon jungkook ။ အိမ်တွင်းအခြေအနေမတည်ငြိမ်ပေမဲ့ jimin ကို ကာကွယ်ပေးသည့် jungkook.... သူတို့နှစ်ယောက်ရဲ့ချစ်ခြင်းမေတ္တာသည် အတော်ပင်နက်ရှိုင်းလှသည်။ f...