Zawgyi
jin သည်အခန်းထဲတွင်စာဖတ်ရင်းတွေးလိုက်မိတာက သူ့အမေဘာတွေကြံနေလဲဆိုတာပင်။အခုပုံစံဆို jungkook ရော jimin အန္တရာယ်ဖြစ်စေလိမ့်မည်။
သူတို့နှစ်ယောက်ကိုတစ်နေရာမှာများသွားနေခိုင်းလိုက်ရမလား။အမေနဲ့အနီးကပ်ရှိနေရင်တခုမဟုတ်တခုဖြစ်တော့မည်ဆိုတာစိတ်ထဲတွင်ထင်မိတယ်။
စိတ်ရှုပ်ထွေးနေသည့်အပြင်ဘာလုပ်ရင်ကောင်းမလဲမသိတော့ပေ။ ငါ့ jungkook တို့ဆီသွားရင်းတိုင်ပင်ကြည့်ရင်ကောင်းမယ်။
jungkook သည်အခန်းထဲတွင်ပုံဆွဲနေသည့် jimin ကိုကြည့်ရင်း ပြုံးနေပေမဲ့ဘယ်အချိန်မှာ jimin ကိုအမေကဘာလုပ်မလဲတွေးပူနေရသည်လေ။
လက်ကိုလာကိုင်သည့် jimin ကြောင့် jungkook ပြုံးလိုက်ရင်းသူ့လက်ကိုနမ်းတော့ချက်ချင်းပြန်ရုတ်သွားပြီး နှုတ်ခမ်းဆူဆူနဲ့ပွစိပွစိလုပ်နေသည်။
အတော်ချစ်ဖို့ကောင်းသည့် ချစ်သူ..."ပွစိပွစိနဲ့ ဘာလုပ်နေတာလဲ jimin"
ဆွေဆွေလေးလှမ်းကြည့်လိုက်သည့်ထိုလူသားမျက်ဝန်းတွေက ထွေးပွေ့ချင်လောက်အောင်ဖြစ်မိသွားတယ်။
"jungkook jungkook သကြားလုံး"
"ထမင်းစားပြီးမှ စားလေ jimin အချိုတွေကြီး...အင့်"
နှုတ်ခမ်းကိုလာနမ်းသည့် jimin ကြောင့် jungkook မျက်လုံးပြူးသွားသည်လေ။တခါသင်ပေးလိုက်တာနဲ့ ဒါနဲ့လာလာချုပ်နေပါလား jimin shii ရယ်...
" အတတ်လေး"
"jungkook jungkook တခုခုဖြစ်နေတာလား"
ကိုယ့်မျက်နှာကအဲ့လောက်သိသာနေလို့သူတောင်မေးရသည်အထိပင်။
"ဘာမှမဖြစ်ပါဘူး jimin ရဲ့ ကိုယ်ကဘာဖြစ်ရမှာတုန်း"
"jungkook မျက်နှာကတခုခုကိုစိတ်ပူနေသလိုပဲ"
ပုံဆွဲနေရင်းပြောလာသည့် jimin ကိုသူ့ရဲ့ကိုယ်သေးသေးလေးကိုချက်ချင်းကောက်ပွေ့လိုက်ရင်း...
အခန်းထဲသို့စွတ်ဝင်လာသည့် jin ကြောင့် jimin သည် jungkook ပခုံးထက်တွင်မျက်နှာဝှက်ထားလိုက်သည်လေ။
أنت تقرأ
if our love is wrong
أدب الهواةစိတ်ရောဂါဖြစ်နေသည့် park jimin နှင့် ကိစ္စတခုအတွက်နဲ့ jimin ကိုစောင့်ရှောက်ပေးရင်းလက်ထပ်ဖြစ်သွားသည့် jeon jungkook ။ အိမ်တွင်းအခြေအနေမတည်ငြိမ်ပေမဲ့ jimin ကို ကာကွယ်ပေးသည့် jungkook.... သူတို့နှစ်ယောက်ရဲ့ချစ်ခြင်းမေတ္တာသည် အတော်ပင်နက်ရှိုင်းလှသည်။ f...