Zawgyi
မနက်ဝေလီဝေလင်းအချိန်ဆိုပေမဲ့ ဆောင်းရာသီကြောင့်မှောင်နေသေးသည်။ jungkook သည် ခရီးဆောင်အိတ်ကို အိမ်တော်ထိန်း kim လက်ထဲထည့်ပေးလိုက်သည်။ jin လည်း လိုအပ်သည့်စာရွက်တွေကိုငသချာစစ်နေရသည်။
"jungkook ဒီမှာမင်းအတွက်လိုအပ်မဲ့အရာတွေ ပြီးတော့ ဦးလေးက အဖေ့ကိုမင်းအတွက် ပြင်သစ်မှာရှိတဲ့အိမ်ကိုပေးဖို့မှာထားတာခဲ့တာ ဒီမှာ"
လက်ထဲကိုရောက်လာသည့်စာအိပ်အညိုရောင်ကြောင့် jungkook သည် အတန်ကြာစိုက်ကြည့်ရင်း jin ကပခုံးကိုပုတ်လိုက်သည်။
"မင်းအတွက် ဦးလေးက အကုန်ကြိုပြီးလုပ်ထားခဲ့တယ် ဦးလေးကမင်းအတွက်အများကြီးလုပ်ပေးချင်ပေမဲ့ ဒီအိမ်ကတချိန်မင်းအိမ်ထောင်ကျရင်ပေးဖို့ဆိုပြီးပြောသွားခဲ့တာ"
"jin hyung..."
"အင်း ဒါတွေကိုအခုမှငါပြောရတာလဲတကယ်အားနာတယ် jungkook အခုအချိန်မရှိတော့ဘူး jimin ကိုသေချာစောင့်ရှောက်ပါ ငါ့ညီ"
jin သည် jungkook ဖက်လိုက်ရင်း ထိုစကားအားပြောလိုက်သည်။သူ့ညီကိုသိပ်ချစ်တာပေါ့ အဖေမတူပေမဲ့ ဒီညီနဲ့တစ်အိမ်ထဲနေခဲ့ရတာပဲလေ။ jimin နဲ့ jungkook ကအမြဲအမေကြောင့်စိတ်ညစ်စရာတွေရှိတာဒါလေးတော့သူပြန်လုပ်ပေးချင်ခဲ့တာပါ။
"ကျေးဇူးပါ hyung"
jungkook သည် ကုတင်ပေါ်ဠ်အိပ်ပျော်နေသည့် jimin အားပွေ့ချီလိုက်သည်။မိုးလင်းခါနီးမှ အိပ်ပျော်သွားသော jimin မှာ တညလုံးစကားတွေပြောနေခဲ့သည်ကြောင့်ပင်။
အိမ်ထဲကတိတ်ဆိတ်ထွက်လာခဲ့ပြီး ကားပေါ်သို့ jimin ကိုတင်ပေးကာ jin hyung ကိုနှုတ်ဆတ်လိုက်ရင်း ဒီအိမ်ကနေထွက်ခွာခဲ့သည်။
ကားနောက်ခန်းကနေသူ့အိမ်ကိုလှမ်းကြည့်လိုက်ရင်း ပြီးခဲ့တာတွေဖြစ်ခဲ့တာတွေ အကုန်ဒီအိမ်မှာထားခဲ့ပြီ။ငါ့အတွက်ဒီလူသားနဲ့ရှေ့ဆက်စရာတွေရှိလာပြီလေ ။
jungkook သည်အိပ်ပျော်နေသော jimin ကိုကြည့်လိုက်ရင်းသူ့ကိုရင်ခွင်ထဲထည့်ကာခုနမှေးနေလိုက်သည်။
ESTÁS LEYENDO
if our love is wrong
Fanficစိတ်ရောဂါဖြစ်နေသည့် park jimin နှင့် ကိစ္စတခုအတွက်နဲ့ jimin ကိုစောင့်ရှောက်ပေးရင်းလက်ထပ်ဖြစ်သွားသည့် jeon jungkook ။ အိမ်တွင်းအခြေအနေမတည်ငြိမ်ပေမဲ့ jimin ကို ကာကွယ်ပေးသည့် jungkook.... သူတို့နှစ်ယောက်ရဲ့ချစ်ခြင်းမေတ္တာသည် အတော်ပင်နက်ရှိုင်းလှသည်။ f...