Zawgyi
မျက်စိရှေ့တွင် ဖြစ်သွားသည့်အခြေအနေကသူ့အတွက်အဆင်မပြေပါ။ခပ်ကျဲကျဲခြေလှမ်းတွေနဲ့သူ့ထံသို့သွားရန်လမ်းတွင်ပိတ်စို့ခံလိုက်သည်လေ။ jimin ကိုဖမ်းခေါ်သွားသည့်သူတွေ့ကြောင့် အလွန်အမင်းဒေါသထွက်သွားသည်။
"jimin ကို jimin ကိုအခုလွှတ်ပေး ခွေးကောင်တွေ မင်းတို့ သူ့ကိုဘာတွေလုပ်ထားတာလဲ"
jimin ပါးစပ်မှအဆက်မပျက်ထွက်လာသည့်အမြုပ်တွေကြောင့် jungkook ခေါင်းတခုလုံးပြာသွား၍မျက်ရည်တွေကမမြင်ရလောက်အောင်ဖုံးလွှမ်းသွားသည်။
ထိုသူထဲတစ်ယောက်ကခပ်ဟဟရယ်သံကိုကြားလိုက်ရသည်။
"အော် အော် မင်းက သူပြောနေတဲ့ jungkook လား"
"ဘယ်လိုလုပ်"
"မင်းကောင်လေးကနော် ရုပ်လေးရှိသလောက် စိတ်ကမကောင်းရှာဘူး"
"မင်း စောင့်ပါးစပ်ကိုပိတ်ထား မင်းပါးစပ်က သူ့အကြောင်းပြောဖို့မတန်ဘူး ငါ့ကိုလွှတ်စမ်း!!!!"
ဖမ်းချုပ်ထားသည့်လက်တွေကြားကနေရုန်းမိသော်လဲ နေမကောင်းသည့်အရှိန်ကြောင့် jungkook အတွက်အားချင်းမမျှ။ထိုလူသည် jmin၏ပါးပြင်ကိုထိလိုက်သည်ကိုမြင်လိုက်ရသည်။
"မထိနဲ့ သူ့ကိုမထိ......ငါတောင်းပန်ပါတယ် ငါ့ကိုလွှတ်ပေး သူကြောက်နေတယ် ငါ့ကိုလွှတ်ပေးပါ!!!!!!!မဟုတ်ရင် သူ သေသွားလိမ့်မယ် လွှတ်ပေး...... ငါ့ကိုလွှတ်ပေး"
ရှိသမျှအားနဲ့အတင်းရုန်း၍ jungkook သည်ထိုလူတွေကို အလျင်အမြန်ဖြင့်တိုက်ခိုက်လိုက်သည်လေ။အများနှင့်တစ်ယောက်အခြေအနေကမမျှလှသောကြောင့် jungkook မျက်နှာပြင်ဟာထိခိုက်ထားသလို ဝတ်ထားသည့်အဖြူရောင်သိုးမွှေးအင်္ကျီဟာလည်းအနီရောင်များခြယ်သထားသည်လား ထင်ရပေသည်။
နောက်ဆုံး jungkook ထပ်မံဖမ်းချုပ်ခံလိုက်ပြန်သည်။ jimin မှာလည်းအခုချိန်ထိမလှုပ်မိသောကြောင့် jungkook ငိုနေမိသည်။မြင်နေရဲ့သားနဲ့ချစ်သူထံသို့မသွားနိုင်သလို။သူကိုယ်တိုင်လဲပျော့ညံ့နေပြီလေ။
STAI LEGGENDO
if our love is wrong
Fanfictionစိတ်ရောဂါဖြစ်နေသည့် park jimin နှင့် ကိစ္စတခုအတွက်နဲ့ jimin ကိုစောင့်ရှောက်ပေးရင်းလက်ထပ်ဖြစ်သွားသည့် jeon jungkook ။ အိမ်တွင်းအခြေအနေမတည်ငြိမ်ပေမဲ့ jimin ကို ကာကွယ်ပေးသည့် jungkook.... သူတို့နှစ်ယောက်ရဲ့ချစ်ခြင်းမေတ္တာသည် အတော်ပင်နက်ရှိုင်းလှသည်။ f...