Zawgyi
jimin သည်မနက်စူးစူးရဲ့အလင်းရောင်ကြောင့်မျက်လုံးတွေထိန့်လန့်စွာဖြင့် အလျင်အမြန်ကုတင်ပေါ်ကဆင်းသွားကာ ဗီရိုအကွယ်တွင်ပုန်းလိုက်သည်။
စူးရှသည့်နေရောင်ကြောင့်ဖွင့်ဟလာသည့်မျက်ဝန်းကိုလက်ဖြင့်ပွတ်သပ်လိုက်ရင်းဘေးကိုကြည့်မိတော့ jimin မရှိပေ။
"ဟင်....jimin....!!!"
ပျောက်ပြန်ပြီလား ဒါမှမဟုတ်တစ်နေရာမှာမြန်းပုန်းပြန်ပြီလားဆိုပြီး ကြည့်မိတော့တွေ့လိုက်ပါပြီ။သူ့အနားကိုသွားတော့ တဆက်ဆက်နဲ့တုန်ယင်နေသည့်သူ့ရဲ့ကိုယ်ကြောင့် သေချာကြည့်မှာနားတွေကိုပိတ်ထားပြီး မျက်လုံးတွေအတင်းမှိတ်ထားသည်။
"ကြောက်တယ်...ကြောက်တယ် ထွက်သွား...ထွက်သွား"
တိုးငယ်လှသည့်အသံတွေတုန်ယင်နေတာကြောင့် သိပါပြီ အလင်းရောင်တွေကြောင့်ဆိုတာ။
အလျင်အမြန်ခန်းစီးလိုက်ကာကိုဆွဲပိတ်လိုက်ပြီး သူ့ကိုထွေးပွေ့ထားလိုက်ကာ
"အဆင်ပြေသွားပြီ အဆင်ပြေသွားပြီနော်"
သူ့ရဲ့မျက်နှာလေးကိုဆွဲမော့ထားတာတောင်မျက်လုံးတွေကမှိတ်ထားစဲ။
"ရပြီ jimin ဖွင့်ကြည့်လိုက်.. "
ထိုအခါမှာငိုနေတဲ့မျက်ဝန်းတွေတိတ်သွားပြီး ကုတင်ပေါ်သို့ပြေးတက်ကာ ခေါင်းအုံးကိုပိုက်လိုက်ရင်း ထပ်အိပ်ဖို့လုပ်နေသည့် jiminကြောင့် jungkook ရယ်လိုက်သည်။
"jimin မအိပ်နဲ့တော့ ရေချိုးရအောင်"
ရေချိုးရအောင်ပြောရသေးတယ် ကုတင်ပေါ်မှာမတ်တပ်ရပ်လိုက်ရင်း အင်္ကျီတွေကြာ်သီးတွေဖြုတ်နေပြီလေ။
"နေဦးလေ နေဦး ကိုယ် ပြင်ပေးဦးမယ် ခဏ"
ရုတ်တရပ်ရင်ခွင်ထဲကိုခိုဝင်ရင်းအတင်းဖက်ထားတာကြောင့်သူ့ရဲ့ခေါင်းလေးက်ုဖွဖွလေးပွတ်လိုက်ရင်း ပြုံးမိသည်။
သူ့ကိုယ်လေးကိုပွေ့ချီလိုက်ရင်းရေချိုးခန်းထဲသို့ရောက်တော့ မှန်ရှေ့တွင်ရပ်နေတဲ့ သူ့ကြောင့် လက်ထဲကမျက်နှာသုတ်ပုဝါကိုတန်းတွင်ချိတ်လိုက်ရင်း
YOU ARE READING
if our love is wrong
Fanfictionစိတ်ရောဂါဖြစ်နေသည့် park jimin နှင့် ကိစ္စတခုအတွက်နဲ့ jimin ကိုစောင့်ရှောက်ပေးရင်းလက်ထပ်ဖြစ်သွားသည့် jeon jungkook ။ အိမ်တွင်းအခြေအနေမတည်ငြိမ်ပေမဲ့ jimin ကို ကာကွယ်ပေးသည့် jungkook.... သူတို့နှစ်ယောက်ရဲ့ချစ်ခြင်းမေတ္တာသည် အတော်ပင်နက်ရှိုင်းလှသည်။ f...