Zawgyi
အခုတော့ဥယျာဉ်ထဲကအိမ်လေးထဲရောက်နေပြီလေ။ပွေ့ချီထားသည့် jimin ကိုယ်ပေါ်ကစောင်လေးကိုဖယ်လိုက်ရင်းကုတင်ပေါ်တွင်ထိုင်စေလိုက်သည်။
ထိုအခါမှ jimin သည်စောင်ကိုဖယ်ရင်းဘေးပတ်ဝန်းကျင်ကိုကြည့်ရင်းသစ်သားမျက်နှာချက်ပေါ်သို့မျက်စိကမခွာအောင်ဖြစ်သွားသည်။
jungkookလည်းထိုအမူအရာလေးကိုရယ်လိုက်ရင်း jimin ကိုအနောက်ကနေထိုင်လျက်ဖြင့်ထွေးပွေ့လိုက်သည်။
"ကြိုက်ရဲ့လား hyung"
မျက်နှာချက်ပေါ်ကကြယ်အလင်းရောင်လေးတွေက jimin အတွက်သူပြုလုပ်ထားခြင်းပင်။ကုတင်ရဲ့အရှေ့တည့်တည့်က နံရံပေါ်တွင် led light whale ကိုလည်း jimin နှစ်သက်အောင် သူကိုယ်တိုင်ပြင်ခိုင်းခဲ့ခြင်းပင်။
ရင်ခွင်ထဲကသူကတော့ဘာမှပြန်မပြောဘဲနဲ့သာ ထိုအလင်းရောင်လေးတွေကိုကြည့်နေသည်။
"hyung ကြိုက်တယ်ဆိုရင် ကိုယ်ကျေနပ်ပါတယ် အခုကစပြီး jimin ကို hyungဆိုတဲ့နာမ်စားအဖြစ်ပြောင်းခေါ်ချင်တယ်"
သူ့ရဲ့ခေါင်းကကိုယ့်ပခုံးထက်မမှီတမှီရင်မှီထားလိုက်ရင်း မော့ကြည့်နေသည်။
"jimin...jimin ပဲခေါ်"
"ဟင်...ဘာလို့လဲ"
"မရဘူး!!!!jimin jiminပဲခေါ်!!!!"
jungkookကိုစောင့်တွန်းလိုက်ရင်း စောင်ကိုဆွဲလျက်ဖြင့် အိပ်ဖို့လုပ်နေသော jiminကြောင့် jungkook တော့အခက်တွေ့ပြန်ပြီ
"ကိုယ်တောင်းပန်ပါတယ်နော် စိတ်တော့မဆိုးပါနဲ့ ကိုယ်ကhyungကို ချစ်"
"jimin jimin ပါဆို !!!!ဟင့်....... !!!ဟင့်"
ငိုလိုက်ပါပြီ ငိုချလိုက်ပြီ....သူပြောချင်တာကိုကိုယ်ကနားလည်အောင်ကြိုးစားပေမဲ့ အမြဲတမ်းသူငိုအောင်လုပ်နေမိပြန်ပြီလား။
"မငိုပါနဲ့ jimin ဆိုရင်လဲ ကိုယ် jimin ပဲခေါ်ပါ့မယ်"
သူ့ကိုရင်ခွင်ထဲဆွဲသွင်းရင်းဆံပင်လေးတွေကိုပွတ်သပ်ပေးမိသည်။ဒီလူသားရှေ့မှာကိုယ်ကပါမျက်ရည်ကျလို့တော့မဖြစ်ပါ။
"jungkook က တခြားသူတွေကို hyung လို့ခေါ်ပြီးသား ကျတော်မကြိုက်ဘူး....jimin jimin ပဲခေါ်"
ŞİMDİ OKUDUĞUN
if our love is wrong
Hayran Kurguစိတ်ရောဂါဖြစ်နေသည့် park jimin နှင့် ကိစ္စတခုအတွက်နဲ့ jimin ကိုစောင့်ရှောက်ပေးရင်းလက်ထပ်ဖြစ်သွားသည့် jeon jungkook ။ အိမ်တွင်းအခြေအနေမတည်ငြိမ်ပေမဲ့ jimin ကို ကာကွယ်ပေးသည့် jungkook.... သူတို့နှစ်ယောက်ရဲ့ချစ်ခြင်းမေတ္တာသည် အတော်ပင်နက်ရှိုင်းလှသည်။ f...