ဘဝမယ် boxingကစားနေတဲ့အမျိုးသမီးတစ်ယောက်ကို 'လှလိုက်တာ'ဆိုတာမျိုးရေရွတ်မိလိမ့်မယ်လို့ ဘယ်တုန်းကမှမတွေးခဲ့ဖူးဘူး။
သူကတကယ်ကိုမHotလွန်းဘူးလား?
သေးသွယ်သွယ်လက်တံကသဲအိတ်ဆီအဟုန်အပြည့်နဲ့ပစ်ဝင်သွားတိုင်း မျက်ခုံးနက်နက်တွေကိုတွန့်ချိုးထားသည်။
၊ နဖူး၊ နားထင်မှာစိုရွှဲနေပြီဖြစ်တဲ့ဆံသားမျှင်တစ်ချို့မှစီးကျနေသော ချွေးတွေကြောင့် သွေးကြောစိမ်းတွေထနေတဲ့လည်ပင်းတစ်လျောက်မှာပါရွှဲနေလေရဲ့။
လက်နှစ်ဖက်ကိုပုခုံးအထိလိပ်တင်ထားတဲ့ Tshirtဖြူပါးပါးဟာလည်း ချွေးကြောင့် သူ့ရဲ့ခန္ဓာကိုယ်ကောက်ကြောင်းတစ်လျောက်ကပ်မှာချပ်ကပ်လျှက်။
ကိုယ်လုံးပိန်ပိန်သေးသေးပေမယ့် သေချာလေ့ကျင့်ထားသည့် ကျစ်လှစ်အချိုးကျသောကိုယ်ဟန်မှာနတ်မိမယ်တစ်ပါးစစ်ရေးကျင့်နေပုံနဲ့နှိုင်းယှဥ်ရင်တောင် လွန်ရာမကျမာ်မထင်ပါ။
အဲ့ဒီမိန်းမက သူ့လုပ်ရက်တွေနဲ့မလိုက်အောင် သောက်ကျိုးနဲ့ကိုလှလွန်းသည်။
သာမာန်လူ့အသိုင်းအဝိုင်းမှာသာဆိုရင် သူက အထက်တန်းစားသူဌေးသူမီးတစ်ယောက်လိုရုပ်ရည်မျိုး...။Boxingကိုရပ်ပြီး သူကမိမိအနားခပ်တည်တည်လျှောက်လာသည့်တိုင်အောင် ကိုယ်က သူ့ရဲ့မောဟိုက်နေဟန် နိမ့်ချည်မြင့်ချည် ရင်အစုံကိုငေးမိနေတုန်း...။ ပြောရရင်ဒါတင်မကပါဘူး ဆံသားကနေခြေဖျားအထိ အပြန်ပြန်အလှန်လှန်ကိုငေးမိတာ။ ဒီအမျိုးသမီးရဲ့ရူပါအဆင်းကတော့နတ်ဘုရားရှုံးလောက်ပါတယ်။
WTF!. ..ချွေးတွေစို့နေတဲ့ သူ့မျက်နှာဘေးကHotချက်ပဲ......!
ရေဘူးကိုမော့သောက်လိုက်တဲ့အခါ နှုတ်ခမ်းနီထွေးထွေးကနေလျှံကျလာတဲ့ရေစီးကြောင်းဟာလှုပ်ရှားနေတဲ့ သူလည်တိုင်ကိုဖြတ်ပြီး အင်ကျီရင်ဘတ်ဆီသို့စီးဝင်သွားသည်။''ဟင်း....''
သူ့ကိုကြည့်ရင်း မိမိမှာပင့်သက်မောတွေအလိုလိုချမိနေသည်။
''ငါ့ကိုတစ်ခါကြည့်တိုင်း တစ်ဒေါ်လာတောင်းရကြေးဆို အခုချိန်မီလျံနာဖြစ်နေလောက်ပြီ''
မိမိထံလှမ်းပစ်လိုက်သောရေဘူးကိုယောင်နနဖြင့်ဖမ်းယူလိုက်ပြီးနောက်။ သူ့စကား၏ဆိုလိုရင်းကြောင့် မိမိမှာသူခိုးလူမိ၊ ရှက်အန်းအန်းကလေးဖြစ်သွားသည်။
YOU ARE READING
Alife for alife
Fanfictionသွေးတစ်စက်အတွက် သွေးတစ်စက် အသက်တစ်ချောင်းအတွက်အသက်တစ်ချောင်း ဖျက်စီးခဲ့တဲ့ဘဝတစ်ခုအတွက် မင်းဟာငါ့ဘဝနဲ့ပေးဆပ်ရမယ့် တန်ရာတန်ကြေး....။ -Irene