First Mission

492 73 0
                                    


နေရောင် မှုန်မှုန်လေးပွင့်သည့်နေ့ခင်းဘက်ဟာ အအေးဓာတ်ကဲနေသည်။
Seulgi၊Seungwanနှင့် Ireneတို့သုံးဦးသား Mission စမည့်အချိန်ထက်အနဲငယ်ကြိုပြီး စုရပ်ကိုရောက်နေကြသည်။
စုရပ်ကတော့ ပစ်မှတ်အဆောက်ဦး၏ မျက်စောင်းထိုးက ကော်ဖီဆိုင်​လေးရဲ့ ကားပါကင်။
SooYoungနဲ့ Yerimကတော့ အချိန်ပိုင်းဝန်ထမ်းဟန်ဆောင်ထားသောကြောင့် အဆောက်အဦးထဲ ကြိုရောက်နေကြပြီး​ဖြစ်သည်။

Seulgiစိတ်လှုပ်ရှားနေတယ်။ ဘယ်လောက်ပင်ပဲ ငြိမ်အောင်ထိန်းတယ်ပြောပြော၊ ဆုပ်လိုက်ဖြန့်လိုက်လုပ်နေသည့် လက်ဖဝါးလေးတွေကသက်သေပင်။
SeungWanက ကော်ဖီတစ်ခွက်လောက်သောက်ချင်နေတယ်ဆိုကာ ကော်ဖီထွက်ဝယ်နေတာမို့၊ ကားပေါ်မှာ သူမရယ် မျက်နှာချင်းဆိုင်မှာ လာထိုင်နေတဲ့ Ireneရယ် နှစ်ဦးတည်း။

ကားကVan carမို့ ကားပါကင်ထိုးပြီးကတည်းက ပြင်ဆင်စရာရှိတာလေးတွေကူပြင်ပေးဖို့ Ireneက ကားနောက်ခန်းထဲရောက်နေတာပါ။

စူးစူးရှရှ သူမကိုစိုက်ကြည့်နေတယ်လို့ ခံစားရပေမယ့် Seulgiမော့မကြည့်ဖြစ်ဘူး၊ လက်ဖဝါးတွေဆုက်လိုက်​ဖြန့်လိုက်၊ laptop keyboard​ ပေါ်ကခလုတ်တွေကို တတောက်တောက်ခေါက်လိုက်နှင့်။

"မင်း.......ကြောက်နေတာလား''

ကြားဖူးနေကျ မာထန်ထန်နှင့် ခတ်ပြတ်ပြတ်စကားသံမျိုးမဟုတ်ပဲ။
ချိုသာပြီး နွေးထွေးမှုတို့စွတ်ဖက်နေ၏။

"အင်း....''

SeungWanပြောခဲ့ဖူးသလို Ireneက ကြောက်ဖို့ကောင်းတဲ့လူမဟုတ်မှန်း Seulgiအချိန်နှင့်အမျှ သိလာရသည်။

"မကြောက်ပါနဲ့ ငါက ကာကွယ်ပေးနေမှာမို့လို့ မင်းကြောက်မနေသင့်ဘူး Kang Seulgi''

Seulgiမော့ကြည့်မိတဲ့ ညိုလဲ့လဲ့မျက်ဝန်းတွေဟာ သူ့ကိုယုံကြည်ပေးဖို့၊ အားကိုးဖို့ ခွန်အားတွေပေးနေတယ်။ မျက်ဝန်းတွေဟာနွေးထွေးနေပေမယ့် နှုတ်ခမ်းတွေကတော့ ပုံမှန်အတိုင်းတင်းတင်းစေ့ထားဆဲ။
seulgiသတိထားမိတဲ့အထဲ Ireneက မရယ်တတ်မပြုံးတတ်တဲ့လူသားထင်ပါရဲ့၊ SeungWan ကအမြဲပြုံးနေသလောက်လေ။

မပြုံးမရယ်ပဲနဲ့တောင် သူ့နှုတ်ခမ်းတွေက ဒီလောက်လှနေတာ၊ အို.... ကုန်ကုန်ပြောရင် Ireneရဲ့ အစိတ်အပိုင်းတစ်ခုချင်းဆီကိုက ပြီးပြည့်စုံအောင် လှတာပါ။

Alife for alifeWhere stories live. Discover now