Second Mission (Part 3)

439 79 2
                                    

Unicode
........

မှောင်ပိန်း၊ အေးစက်သောအခန်း။ မည်မျှကျယ်သည်ကျဥ်းမြောင်းသည်မသိရအောင်ကို မှောင်နေတယ်။
အဲ့ဒီ စတီးကုလားထိုင်ပေါ်က ခေါင်းစိုက်ကျနေပြီးကြိုးတုပ်ခံထားရတဲ့လူရဲ့ ကိုယ်ပေါ် ဖျာကျနေတဲ့ အဝါရောင်အလင်းဖျော့ဖျော့။ သူ့ခေါင်းပေါ်မှာ တွဲလောင်းဆွဲထားတဲ့ မီးသီး။

"ကဲ...ဘာဆက်လုပ်ကြမလဲ''

"နှိုးလိုက်''
အမိန့်သံ။

အမှောင်ထုထဲက စကားသံတွေထွက်လာတယ်။
တကယ်က သူတို့ဒီလူကိုစောင့်ကြည့်နေကြတာ။

အမှောင်ထုထဲက တစ်စုံတစ်ယောက်ထွက်လာပြီး ထိုလူရဲ့ခေါင်းပေါ်ကနေ ရေအေးတစ်ပုံးနဲ့လောင်းချလိုက်တယ်။

"ဖရူး....အဟွတ် ဟွတ်''

သတိလစ်နေတဲ့သူ နိုးသွားပြီ။

Long coatဝတ်ထားတဲ့ သူမလက်ထဲမှာ အိမ်ရိုက်တူတစ်လက်နှင့်။ Ireneက စတီးထိုင်ခုံတစ်ခုကို တကျီကျီအသံမြည်အောင်ဆွဲယူလာပြီး အမတ်Jangနဲ့မျက်နှာချင်းဆိုင်မှာကပ်ထိုင်လိုက်သည်။

"မင်း....မင်း ဘာလိုချင်တာလဲ''

နီရဲနေတဲ့မျက်လုံးတွေက သူမအပေါ်ပကတိရန်လိုနေပေမယ့်၊ သူမကတော့ ခပ်အေးအေးပဲ လက်ပိုက်ပြီးခြေချိတ်ထိုင်နေတယ်။

"သတင်းတွေ.... ခင်ဗျားထုတ်ရောင်းနေတဲ့ စစ်တပ်ရဲ့လျှို့ဝှက်သတင်းတွေရဲ့အရင်းအမြစ်၊ ဘယ်ကရခဲ့တာလဲ''

သူ တချက်ငိုင်ကျသွားတယ်။ ပြီးတော့

"ပိုက်ဆံလား မင်းလိုချင်တဲ့ငွေပမာဏ ငါအကုန်ပေးနိုင်တယ်။ ငါ့ကို ဒီလိုဖမ်းထားရင် မင်းဘာဖြစ်သွားမယ်ဆိုတာ သိရဲ့လား''

သွေးရူးသွေးတမ်းလူဟာ ငွေစကားပြောပြီး ခြိမ်းခြောက်တယ်။

Ireneက ပြုံးနေကျ အသက်မပါတဲ့ ခပ်ရွဲ့ရွဲ့အပြုံးမျိုးတစ်ချက်ပြုံးလိုက်ပြီး

"မေးတာပဲ ဖြေစမ်းပါ''

တူရဲ့ သံထိပ်ဖျားအေးအေးနှင့် အမတ်Jangရဲ့မေးစေ့ကို ဖွဖွပင့်ရိုက်တယ်။

"သတင်းတွေ ခင်ဗျားဘယ်ကယူလဲ၊ ဘယ်မှာဖွက်ထားလဲ''

ဘာမှမသိထားတဲ့ တုံးအအလို၊ Jangက ဝမ်းနည်းသွားတဲ့မျက်နှာမျိုးနဲ့ ခေါင်းစိုက်သွားရာမှ.....။

Alife for alifeWhere stories live. Discover now