Unicode
...................Missionပြီးသွားတဲ့ နောက်နေ့တွေဟာ အားလပ်ရက်တွေလိုမျိုး၊ မနက်ခင်းစောစောမှာ လယ်ကွင်းတွေကိုပတ်ပြေးတယ်။ SeungWanနဲ့အတူတူ ကိုယ်ခံပညာလေ့ကျင့်တယ်။
အစားအသောက်ချစ်သူ Seulgiအတွက် SeungWan ဟာ နတ်သမီးလေးပါပဲ။ စားချင်ပါတယ်လို့တောင်းသလိုက်သမျှ Seulgiရှေ့ရောက် SeungWan ကချက်ပေးတယ်လေ။
ဒီရက်တွေမှာ Seulgiအတွက် SeungWanသည်သာ ကမ္ဘာကြီးဖြစ်နေခဲ့တယ်ပေါ့။
နောက်ပြီး အားရင်အားသလိုအိပ်ဖြစ်တယ်၊ ပျင်းနေတဲ့အခါ Gameဆော့တယ်။
ဒါဟာ အလုပ်မရှိတဲ့ Kang Seulgi ရဲ့ တစ်ပတ်တာလည်ပတ်ပုံပါ။
..........ကျေးလက်ဒေသမဟုတ်ပေမယ့် မြို့အပြင် လယ်ကွင်းတွေထဲက လေထုဟာ သန့်ရှင်းပြီးလတ်ဆက်သည်။ Seulgiတို့ ဂိုထောင်ပတ်ဝန်းကျင်မှာ လယ်ကွင်းတွေ သစ်ပင်တွေအပြင် ခပ်လှမ်းလှမ်းစီမှာတခြားဂိုထောင်တွေလည်းရှိနေကြသေး၏။ SeungWanပြောတာကတော့ အဲ့ဒါတွေ စစ်တပ်ပိုင်ပစ္စည်းတွေကို သိမ်းဆည်းထားတဲ့ဂိုထောင်တွေလို့ပြောတယ်။
အဲ့ဒီ ဂိုထောင်တွေအောက်မှလည်း မိမိတို့လို လျှို့ဝှက်စခန်းမျိုးတွေရှိလိမ့်မယ်လို့ထင်တယ်။
ဒါပေမယ့် Seulgiက ကိုယ့်အကြောင်းကလွဲရင် တခြားအကြောင်းစိတ်ဝင်စားတတ်တဲ့လူမဟုတ်လို့ မစပ်စုတော့ပါဘူး။Seulgi က လက်နက်မကိုင်ချင်ဘူးဆိုလို့၊ ကိုယ့်ကိုအန္တရာယ်ပြုလာရင် ပြန်ခုခံနိုင်မယ့် ကိုယ်ခံပညာအနဲအကျဥ်းရယ်၊ ထွက်ပြေးနိုင်ဖို့ အပြေးနှုန်းမြန်အောင်ကျင့်ရတယ်၊ နောက် အခုန်အကျော်။ အခုတော့ အမြင့်တွေကို အတက်အဆင်းလုပ်နိုင်ဖို့ စလေ့ကျင့်နေပါပြီ။
ခါးက ခါးပတ်ကွင်းဘေးတစ်ဘက်ဆီမှာ သုံးမြောင့်ပုံသံကွင်းလေးတွေချိတ်ထားတယ်၊ အပေါ်က တွဲလောင်းချလျှက်သားကြိုးစနှစ်ဘက်ကိုခါးကွင်းထဲထည့်ပြီး SeungWanသင်ပေးထားတဲ့အတိုင်း မြဲနေအောင် သူမချည်လိုက်သည်။
တကယ်တော့ သူမက တောင်တက်လေ့ကျင့်သလိုမျိုး နံရံပေါ်က ခမုလေးတွေကို ကိုင်တက်သွားရုံပါ။
ဒါပေမယ့် ခြေချော်လက်ချော်ရှိလွန်းလှတဲ့သူမကို စိတ်မချတဲ့ SeungWanက အကယ်၍ချော်ကျလာခဲ့ရင် ထိန်းနိုင်အောင်ဆိုပြီးကြိုးကွင်းတွေတပ်ပေးထားတာ။
YOU ARE READING
Alife for alife
Fanfictionသွေးတစ်စက်အတွက် သွေးတစ်စက် အသက်တစ်ချောင်းအတွက်အသက်တစ်ချောင်း ဖျက်စီးခဲ့တဲ့ဘဝတစ်ခုအတွက် မင်းဟာငါ့ဘဝနဲ့ပေးဆပ်ရမယ့် တန်ရာတန်ကြေး....။ -Irene