Unicode
..................လွန်ခဲ့သော ၁၀နှစ်ခန့်...
မျက်နှာကြောမတည့်တဲ့ စစ်ဗိုလ်ရဲ့ အရေးပေါ်missionဆိုသည့် အမိန့်ကြောင့် Ireneဘူတာရုံတစ်ခုမှာရောက်နေခဲ့သည်။
ဘူတာမှာ အသေခံဗုံးခွဲမှုဖြစ်ပွားလိမ့်မည်ဟူသော တိကျသည့်သတင်းကြောင့်၊ ပေါက်ကွဲမှုမဖြစ်ခင် ဗုံးကိုရှာပြီး တိုးတိုးတိတ်တိတ်လက်စဖျောက်ပစ်ရမည်ဖြစ်သည်။
နားထဲကစကားပြောကရိယာမှဆက်တိုက်ဝင်နေသည့်ညွှန်ကြားချက်များကိုအဆက်မပြတ်နားစွင့်ရသည်။
ဗုံးက မိမိနှင့် ကီလိုမီတာ၃၀ခန့်အကွာမှာရှိနေသည့်ဟု ဗုံးခြေရာခံစက်ကအချက်ပြသည်မို့ ကီလိုမီတာ၃၀ ဝန်းကျင်ကဖြစ်နိုင်ခြေရှိသည့် မသင်ကာစရာတစ်စုံတစ်ခုကိုရှာဖွေရမည်။
ဘူတာထဲက လမ်းသွားလမ်းလာတွေရဲ့လက်ကိုင်အိတ်တွေဆီ ကွယ်ဝှက်ထားလို့ရသည့် အင်ကျီတွေအထိလိုက်ကြည့်နေရတာမို့
ဦးထုပ်ငိုက်ငိုက်ဆောင်းပြီး ဝှေ့လည်ကြောင်ပတ်လုပ်နေတဲ့သူမကို အနားမှလုံခြုံရေးတစ်ချို့မသင်ကာချင်တော့။
အရိပ်ခြေကို ရိပ်စားမိတာကြောင့် လုံခြုံရေး၊ cctvများနှင့် ဝေးရာခပ်လှန်းလှန်းသို့ရွေ့ရသည်။ရထားစင်ကြန်ပလတ်ဖောင်းတစ်နေရာအရောက်မှာတော့ သူမ၏ ဗုံးအချက်ပြစက်မှအချက်ပေးမှုရလာသည် ဗုံးဟာသူမနှင့်နီးကပ်လွန်းနေပြီ။
ဒါကြောင့် Ireneထိုတစ်ဝိုက်မှာ ရှာရန်ဆုံးဖြတ်လိုက်သည်။နေရာဟာ ရထားစိုက်မည့်အဝင်ထွက်ပေါက်ဝန်းကျင်ဖြစ်၏။
စကားပြောကိရိယာမှသတင်းပေးချက်အရ ထိုဘူတာမှာနောက်ဆယ်မိနစ်အတွင်းရထားတစ်စီးစိုက်မည်။
ယခုအချိန်ထိ ဗုံးအခြေနေငြိမ်နေသေးပုံအရ အကြမ်းဖက်သမားဟာ ရထားအတက်ဆင်းကိုစောင့်ပြီးဖောက်ခွဲဖို့စီစဥ်ထားပုံရသည်။ပလက်ဖောင်းတစ်ဝိုက်မှာ နောက်ရထားအစိုက်ကိုတက်စီးဖို့အသင့်စောင့်နေကြသော လူအုပ်နှင့်အနဲတော့ရှုပ်နေသည်။ ဝှေ့ဝိုက်ကြည့်ရသလောက်ထိုလူအုပ်မှာမသင်ကာစရာအရိပ်အယောင်တော့မတွေ့ရ။
ယခု သူမမှာ ဗုံးကိုရှာဖို့၁၀မိနစ်ခန့်သာအချိန်ရတော့သည်။
YOU ARE READING
Alife for alife
Fanfictionသွေးတစ်စက်အတွက် သွေးတစ်စက် အသက်တစ်ချောင်းအတွက်အသက်တစ်ချောင်း ဖျက်စီးခဲ့တဲ့ဘဝတစ်ခုအတွက် မင်းဟာငါ့ဘဝနဲ့ပေးဆပ်ရမယ့် တန်ရာတန်ကြေး....။ -Irene