Hackerကို ဖမ်းဆီးခြင်း

1.1K 83 2
                                    

Uni code
......

အဲ့ဒီနေ့က မိုးတွေသည်းသည်းထန်ထန်ရွာတယ်။
ကတ္တရာလမ်းမပေါ်ဖြတ်ပြေးဖို့ကြံရွယ်နေတဲ့သူမရဲ့ခြေလှမ်းတွေဟာ ရဲကားသံတဝီဝီကြောင့်
လမ်းချိုးကလေးထဲပြန်လှည့်ဝင်လိုက်ရတယ်။

ရေဗွက်အိုင်တွေပေါ်တက်နင်းတယ် တစ်ဖက်က လမ်းမပြင်ဆီကို ရှိသမျှအားအင်တို့နှင့်ကျုံးရုန်းပြေးနေရင်း......။

"ဒိုင်း....!''

အသံနှင့်အတူ သူမခြေသလုံးကြွက်သားတွေထဲ ထိုးဝင်သွားသည့် စူးကနဲနာကျင်မှု၊
အသည်းအိမ်တွေအထိ စူးနစ်ကာ အောင့်သွားပြီး
ထို့နောက် သူမဟာ ရေဗွက်အိုင်ငယ်တွေပေါ် လဲကျသွားခဲ့၏၊ သူမမြင်နေရသည့် တစ်ဖက်ကလင်းလင်းရှင်းရှင်းလမ်းမ ဟာလည်း ရဲကားများဖြင့်ပိတ်ဆို့သွားခဲ့သည်။....

..............

"ဆရာ Military Cyber Attack အမှုဖှိုင်တွဲပါ
စိတ်မရှိရင် ကျွန်တော်တစ်ခုလောက်မေးလို့ရမလား၊ ဆရာ ဒီအမှုကိုဘာကြောင့် စိတ်ဝင်စားနေတာလဲ''

ယုံကြည့်ရသည့် တပည့်ကို Siwon အလုံးစုံပေးမသိချင်

"ငါကိစ္စလေးတစ်ခုရှိလို့ပါကွာ၊ ဒါနဲ့ သူ့ ဒဏ်ရာအခြေနေဘယ်လိုရှိလဲ''

ဆရာဖြစ်သူဗိုလ်ချုပ်ကို ဘာမျှမေးခွန်းထပ်မထုတ်တော့ပဲ ဆရာကမပြောချင်တဲ့ကိစ္စဆိုတာ သူနားလည်လိုက်သည်။

" လမ်းလျောက်နိုင်နေပြီမို့လို့ မနေ့ကပဲ ထောင်ဆေးပေးခန်းကို ပြန်ရွေ့ထားလိုက်ပါပြီဆရာ''

ဆရာက ပြုံးသည်။ ဘာတွေ ကြံစည်နေတယ်ဆိုတာတော့ သူ မသိပါ။

"အင်း ခန့်မှန်းထားတဲ့ရက်ထပ်နောက်ကျပေမယ့်၊ မြန်သားပဲ၊ မင်းကပဲ ဆက်ပြီးသူ့အခြေအနေကို စောင့်ကြည့်ထားပေးပါဦး''

"ဟုတ်ကဲ့ ဆရာ''

"မင်းသွားလို့ရပြီ''

"ဟုတ်ကဲ့! အလေးပြု!''

စစ်သားလေး ရုံးခန်းထဲကနေ ထွက်သွားသည်။

ဗိုလ်ချုပ် Siwonဟာ ဘေးဘက်ကို အနဲငယ်စောင်းငဲ့ကြည့်ပြီး

"ဘယ်လိုလဲ Irene Bae ငါတို့ဘက်က တာဝန်ကျေပါတယ်နော်''

အခန်းထောင့် ခန်းစီးလိုက်ကာစ​ နောက်ကွယ် မှောင်ရိပ်ထဲမှ အပေါ်အောက်အနက်ရောင်ဝတ်ထားသည့် အမျိုးသမီးတစ်ဦးတရွေ့ရွေ့ထွက်လာသည်။

Alife for alifeWhere stories live. Discover now