Attacked

509 84 11
                                    

Unicode
........
ကျွန်တော် titleပြောင်းလိုက်ပါတယ် ''Team Number Zero''ကနေ ''Alife for Alife''လို့၊
အခုTitleက ဒီfictionနဲ့ပိုပြီးလိုက်ဖက်မယ်လို့တွေးမိလို့ပါ။

.........
အချိန်သည် စိတ်လှုပ်ရှားမှုနှင့်တစ်ပြေးညီ နှေးကွေးစွာကုန်ဆုံးနေ၏။

Leaderနှင့် သူမ အိမ်ထဲ၊ အခန်းထဲ မှာနှစ်ယောက်တည်းရှိနေတယ်ဆိုသော ခံစားချက်ဟာ၊ သူမရဲ့ ရှုံးလုဆဲဆဲmobile gameအပေါ်အာရုံမစိုက်နိုင်လောက်အောင် ရှုပ်ထွေးနေစေသည်။
Seulgiနှင့် Irene အခန်းတစ်အတူတူသုံးကြတယ်ဆိုပေမယ့်။
Ireneက အခန်းထဲမှာမနေသလောက်ဖြစ်သည်။
သူ့ပစ္စည်းအနဲငယ်ကိုသာ အခန်းထဲမှာထားပေမယ့် အခန်းထဲမှာ မအိပ်သလိုနေလည်းမနေပါ။

ဒီနေ့တော့ ဘာစိတ်ကူးပေါက်ပြီး အခန်းထဲက ဆိုဖာခုံမှာ စီးကရက်တစ်လိပ်နဲ့ အကျအနဘာစာတွေဖတ်နေမှန်းတော့မသိ။
အလုံပိတ်အခန်းထဲ စီးကရက်အနံ့က Seulgiရဲ့အနံ့ခံအာရုံကိုအတော်အနှောက်ယှက်ပေးနေပါသည်။
ဒါပေမယ့် ခိုးခိုးကြည့်ရတဲ့မြင်ကွင်းက ဒီလောက်လှနေတာ မီးခိုးနံ့ကိုဘာလို့မူရမှာလဲ။

လက်ချောင်းတွေကြား တငွေ့ငွေ့တိုသွားသည့်စိးကရက် စာမျက်နှာတွေအပေါ်အာရုံစူးစိုက်ထားခြင်းကြောင့် အရောင်တဖိတ်ဖိတ်တောက်နေတဲ့မျက်ဝန်းစူးတွေ။

Gameရှုံးပြီး Team mateတွေပယ်ပယ်နယ်နယ်ဝိုင်းဆဲတာ ခံလိုက်ရပေမယ့်၊ ကိုယ့်ရှေ့ကအလှတရားကိုငေးမိရင် လောင်နေတာတွေပျောက်။
အဆဲခံရလည်းတန်ပါတယ်။

သောက်လက်စတစ်လိပ်ကုန်ပြီးတဲ့အခါမှာတော့ ပေါ်တင်ထိုင်ကြည့်နေတဲ့Seulgiဆီ Ireneကတစ်ချက်လှမ်းကြည့်ပြီး အခန်းထဲကထွက်သွားသည်။

လှလို့ကြည့်တာကို၊ မကြိုက်လို့စိတ်ဆိုးသွားလည်းမတတ်နိုင်ဘူး အဒေါ်။

သို့သော် စိတ်ဆိုးသွားတာတော့ဟုတ်မည်မထင်
တအောင့်ကြာအပြီးမှာ လက်ထဲဖောက်လက်စbeerတစ်ဗူးကိုင်ပြီး တံခါးဝမှာလာရပ်နေတယ်။

"Seulgi....''

"ဟုတ်ကဲ့ Leader ''

သူSeulgiကိုတစ်ခုခုပြောချင်နေပုံပါ။ ဒါပေမယ့် သူ့ပုံစံက crushကိုဖွင့်ပြောဖို့တွန့်ဆုတ်ဆုတ်ဖြစ်နေတဲ့ ခပ်ဆိုးဆိုးကျောင်းသူနဲ့တူတယ်။
ဘာလို့ဆို လက်ထဲမှာကBeerဘူးရယ် မျက်နှာတည်ကြီးနဲ့လေ။

Alife for alifeWhere stories live. Discover now