အခန်း (၄)

2.4K 304 8
                                    

၄။

အရှင်မင်းကြီးဘေးနားတွင် အနှစ်နှစ်ဆယ်မကအမှုထမ်းလာသော မိန်းမစိုးအိုကြီးဟာ တန်းဖိုးကြီးသောပစ္စည်းများကို ထုပ်ပိုးရင်း မြေခွေးပေါက်စလေးကို ခေါ်ကာ ထွက်ပြေးခဲ့တော့သည်။ လှပသည့်မြင်ကွင်းများနှင့် ရွတစ်ရွာကို တွေ့ရှိကာ သူတို့နေထိုင်ခဲ့ကြတော့သည်။

မြေခွေးငယ်လေးပင်ဖြစ်ပါစေ သူ၏သွေးထဲတွင် မင်းကြီး၏သွေးတွေစီးဆင်းနေတာကြောင့် ပေါ့ပေါ့တန်တန်ထားလို့မရနိုင်ပေ။ အဆိုးဆုံးပြောရပါက တရက်လျှင် ကြက်ပေါင်နှစ်ခုကျွေးရင်း ပျိုးထောင်ရလေသည်။

ဒါ့ကြောင့် မိန်းမစိုးအိုကြီးက မြေခွေးပေါက်လေးကို ကျေးလက်ဘက်တွင် ပျိုးထောင်ရတော့သည်။

မင်းကြီးအသစ်၏သားတော်မှာလည်း မြေခွေးပေါက်လေး၏အရွယ်လောက်ပင် ရှိသည်။

မင်းသားငယ်လေး လမ်းလျှောက်သင်ချိန်မှာ မြေခွေးပေါက်လေးဟာ မြက်ခင်းပေါ်တွင် ခြေလေးဘက်ဖြင့် ပြေးနေပြီဖြစ်သည်။

မင်းသားငယ်လေးက စကားကို ဗလုံးဗထွေးပြောနေချိန်မှာ မြေခွေးပေါက်လေးဟာ ခွေးဝါကြီးနဲ့အတူ ရွာထိပ်မှာ ဘယ်လိုဟောင်ရမလဲဆိုတာကို သင်ယူနေခဲ့ပြီ။

မင်းသားငယ်လေးက စာအုပ်လေးအုပ်နဲ့ တူရိယာငါးမျိုးကို သင်နေချိန်မှာ မြေခွေးပေါက်လေးက ခွေးမတွေကို ဆွဲဆောင်နည်း လေးဆယ့်ငါးမျိုးကို သင်နေခဲ့ပြီ။

မင်းသားလေးက မြင်းစီးရင်း အမဲလိုက်နည်းကို သင်နေချိန်မှာ မြေခွေးလေးက ညကျရင်စားဖို့ ရွာကအိမ်တွေမှာ ကြက်တွေကို လိုက်ခိုးနေသည်။

မိန်းမစိုးအိုက တအိမ်တက်တအိမ်ဆင်းလိုက်ပေးရတော့သည်။

မြေခွေးလေးကို မှတ်လောက်သားလောက်အောင်လုပ်ဖို့ မိန်းမစိုးအိုကို အိမ်နီးနားချင်းတွေက ပြောလာကြတော့သည်။

မိန်းမစိုးအိုက အကူအညီမဲ့စွာဖြင့် "ဘယ်လိုလုပ်သင့်လဲ။ ငါတကယ်ပဲ ကြံရာမရတော့ဘူး"

.....

၄။

အရွင္မင္းႀကီးေဘးနားတြင္ အႏွစ္ႏွစ္ဆယ္မကအမႈထမ္းလာေသာ မိန္းမစိုးအိုႀကီးဟာ တန္းဖိုးႀကီးေသာပစၥည္းမ်ားကို ထုပ္ပိုးရင္း ေျမေခြးေပါက္စေလးကို ေခၚကာ ထြက္ေျပးခဲ့ေတာ့သည္။ လွပသည့္ျမင္ကြင္းမ်ားႏွင့္ ႐ြတစ္႐ြာကို ေတြ႕ရွိကာ သူတို႔ေနထိုင္ခဲ့ၾကေတာ့သည္။

ေျမေခြးငယ္ေလးပင္ျဖစ္ပါေစ သူ၏ေသြးထဲတြင္ မင္းႀကီး၏ေသြးေတြစီးဆင္းေနတာေၾကာင့္ ေပါ့ေပါ့တန္တန္ထားလို႔မရႏိုင္ေပ။ အဆိုးဆုံးေျပာရပါက တရက္လွ်င္ ၾကက္ေပါင္ႏွစ္ခုေကြၽးရင္း ပ်ိဳးေထာင္ရေလသည္။

ဒါ့ေၾကာင့္ မိန္းမစိုးအိုႀကီးက ေျမေခြးေပါက္ေလးကို ေက်းလက္ဘက္တြင္ ပ်ိဳးေထာင္ရေတာ့သည္။

မင္းႀကီးအသစ္၏သားေတာ္မွာလည္း ေျမေခြးေပါက္ေလး၏အ႐ြယ္ေလာက္ပင္ ရွိသည္။

မင္းသားငယ္ေလး လမ္းေလွ်ာက္သင္ခ်ိန္မွာ ေျမေခြးေပါက္ေလးဟာ ျမက္ခင္းေပၚတြင္ ေျခေလးဘက္ျဖင့္ ေျပးေနၿပီျဖစ္သည္။

မင္းသားငယ္ေလးက စကားကို ဗလုံးဗေထြးေျပာေနခ်ိန္မွာ ေျမေခြးေပါက္ေလးဟာ ေခြးဝါႀကီးနဲ႔အတူ ႐ြာထိပ္မွာ ဘယ္လိုေဟာင္ရမလဲဆိုတာကို သင္ယူေနခဲ့ၿပီ။

မင္းသားငယ္ေလးက စာအုပ္ေလးအုပ္နဲ႔ တူရိယာငါးမ်ိဳးကို သင္ေနခ်ိန္မွာ ေျမေခြးေပါက္ေလးက ေခြးမေတြကို ဆြဲေဆာင္နည္း ေလးဆယ့္ငါးမ်ိဳးကို သင္ေနခဲ့ၿပီ။

မင္းသားေလးက ျမင္းစီးရင္း အမဲလိုက္နည္းကို သင္ေနခ်ိန္မွာ ေျမေခြးေလးက ညက်ရင္စားဖို႔ ႐ြာကအိမ္ေတြမွာ ၾကက္ေတြကို လိုက္ခိုးေနသည္။

မိန္းမစိုးအိုက တအိမ္တက္တအိမ္ဆင္းလိုက္ေပးရေတာ့သည္။

ေျမေခြးေလးကို မွတ္ေလာက္သားေလာက္ေအာင္လုပ္ဖို႔ မိန္းမစိုးအိုကို အိမ္နီးနားခ်င္းေတြက ေျပာလာၾကေတာ့သည္။

မိန္းမစိုးအိုက အကူအညီမဲ့စြာျဖင့္ "ဘယ္လိုလုပ္သင့္လဲ။ ငါတကယ္ပဲ ႀကံရာမရေတာ့ဘူး"

မြေခွေးလေးမှ မင်းကြီး၏ထီးနန်းအား နေ့တိုင်းလုယူခြင်း || ဘာသာပြန် ✅Where stories live. Discover now