အခန်း (၆)

2.3K 305 3
                                    

၆။

နောက်နှစ်အနည်းငယ်ကြာသွားချိန်မှာ မင်းကြီးငယ်လေးက ငယ်တော့တဲ့သူမဟုတ်ပေ။ နန်းသူနန်းသားတွေမှာ မင်းကြီးအတွက် တရားဝင်ကိုယ်လုပ်တော်ခေါ်ရန် ပြင်ဆင်ကြတော့သည်။ အနောက်နန်းဆောင်မှာတော့ သေချာပေါက် အလှလေးသုံးထောင်ဖြင့် ပြည့်နေတာဖြစ်သည်။

မြေခွေးလေးကလည်း မြေခွေးမေကြီးနောက်လိုက်ပြီး နောက်နှစ်အနည်းငယ်လောက် ထပ်သင်ယူခဲ့သည်။ သူ တခြားအရာတွေမသိရင်တောင်မှ ကြက်စတူးလုပ်နည်းနဲ့ မှော်အတတ်ပညာကို ဘယ်လိုသုံးရမလဲဆိုတာကိုတော့ သူသိသည်။

မြေခွေးမေကြီးက မြေခွေးလေးကို အလွန်အလေးအနက်ထားပြီး သင်ပေးသည်။ "အဲ့ဒီ့ထီးနန်းအရိုက်အရာက မင်းအတွက်ဖြစ်သင့်တာ။ အနောက်နန်းဆောင်က အလှလေးသုံးထောင်ကလည်း မင်းဟာဖြစ်သင့်တာ။ အခုလက်ရှိ ဘုရင်ကလည်း မင်းရဲ့အစေခံဖြစ်ပြီး မင်းရဲ့ခြေထောက်အောက်မှာ ခစားနေသင့်တာ။ အဲ့နှစ်တုန်းက အဲ့လူအိုကြီးတွေအဖွဲ့က ငါ့အကြောင်းကို နတ်ဘုရားကိုသာမပူဇော်လိုက်ဘူးဆိုရင် အခုချိန်လောက်ဆိုရင် မင်းကဘုရင်ဖြစ်နေပြီး ငါကတေ့ မိဘုရားခေါင်ကြီ (မင်းကြီးမယ်တော်) ဖြစ်နေလောက်ပြီ။ အရသာရှိတဲ့အစားအသောက်တွေ၊ ကောင်းမွန်လှတဲ့သေရည်တွေကို သုံးဆောင်နိုင်နေလောက်ပြီ။ ဘယ်လောက်ပျော်စရာကောင်းလိုက်သလဲ?"

မြေခွေးငယ်လေးက နားလည်သွားပုံပေါ်ပြီး ခေါင်းညိမ့်လိုက်သည်။ "အင်.."

မြေခွေးမေကြီး "အမှန်တော့ မြေခွေးနဲ့ လူသားနဲ့ပေါင်းစပ်ပြီး ကလေးမွေးလို့မရဘူး။ မင်းက ငါ့ရဲ့သွေးသားကနေ သီးသန့်မွေးဖွားလာခဲ့တာ။ မင်းနဲ့ မင်းအဖေမင်းကြီးက သွေးသားတော်စပ်မှုမရှိဘူး။ ဒါပေမယ့်လည်း မင်းကတော့ သူရဲ့သားအဖြစ်ရှိနေတုန်းပဲ"

လျစ်လျူရှုထားတဲ့မျက်နှာသွင်ပြင်နဲ့ မြေခွေးငယ်လေးက ခေါင်းညိမ့်ပြလာခဲ့သည်။ "အင်.."

မြေခွေးမေကြီး "ဒါဆိုရင် နန်းတော်ကို ပြန်သွားပြီး ထီးနန်းကို ဘယ်လိုပြန်ယူလာရမလဲဆိုတာကို စဉ်းစားလာခဲ့..အမေက သားကို မှော်အတတ်ကို ဘယ်လိုသုံးရမလဲဆိုတာကို သင်ပေးခဲ့ပြီးပြီ။ အဲ့တော့ ဘယ်ဟာကို ဘယ်လိုသုံးရင် သင့်တော်မလဲဆိုတာကို ကြည့်လုပ်လိုက်ပေါ့"

မြေခွေးငယ်လေးက ကြက်ပေါင်ကိုစားရင်း ပါးစပ်အပြည့်ဖြင့် ပြန်ပြောလာခဲ့သည်။ "ကောင်းပါပြီ"

....

၆။

ေနာက္ႏွစ္အနည္းငယ္ၾကာသြားခ်ိန္မွာ မင္းႀကီးငယ္ေလးက ငယ္ေတာ့တဲ့သူမဟုတ္ေပ။ နန္းသူနန္းသားေတြမွာ မင္းႀကီးအတြက္ တရားဝင္ကိုယ္လုပ္ေတာ္ေခၚရန္ ျပင္ဆင္ၾကေတာ့သည္။ အေနာက္နန္းေဆာင္မွာေတာ့ ေသခ်ာေပါက္ အလွေလးသုံးေထာင္ျဖင့္ ျပည့္ေနတာျဖစ္သည္။

ေျမေခြးေလးကလည္း ေျမေခြးေမႀကီးေနာက္လိုက္ၿပီး ေနာက္ႏွစ္အနည္းငယ္ေလာက္ ထပ္သင္ယူခဲ့သည္။ သူ တျခားအရာေတြမသိရင္ေတာင္မွ ၾကက္စတူးလုပ္နည္းနဲ႔ ေမွာ္အတတ္ပညာကို ဘယ္လိုသုံးရမလဲဆိုတာကိုေတာ့ သူသိသည္။

ေျမေခြးေမႀကီးက ေျမေခြးေလးကို အလြန္အေလးအနက္ထားၿပီး သင္ေပးသည္။ "အဲ့ဒီ့ထီးနန္းအ႐ိုက္အရာက မင္းအတြက္ျဖစ္သင့္တာ။ အေနာက္နန္းေဆာင္က အလွေလးသုံးေထာင္ကလည္း မင္းဟာျဖစ္သင့္တာ။ အခုလက္ရွိ ဘုရင္ကလည္း မင္းရဲ႕အေစခံျဖစ္ၿပီး မင္းရဲ႕ေျခေထာက္ေအာက္မွာ ခစားေနသင့္တာ။ အဲ့ႏွစ္တုန္းက အဲ့လူအိုႀကီးေတြအဖြဲ႕က ငါ့အေၾကာင္းကို နတ္ဘုရားကိုသာမပူေဇာ္လိုက္ဘူးဆိုရင္ အခုခ်ိန္ေလာက္ဆိုရင္ မင္းကဘုရင္ျဖစ္ေနၿပီး ငါကေတ့ မိဘုရားေခါင္ႀကီ (မင္းႀကီးမယ္ေတာ္) ျဖစ္ေနေလာက္ၿပီ။ အရသာရွိတဲ့အစားအေသာက္ေတြ၊ ေကာင္းမြန္လွတဲ့ေသရည္ေတြကို သုံးေဆာင္ႏိုင္ေနေလာက္ၿပီ။ ဘယ္ေလာက္ေပ်ာ္စရာေကာင္းလိုက္သလဲ?"

ေျမေခြးငယ္ေလးက နားလည္သြားပုံေပၚၿပီး ေခါင္းညိမ့္လိုက္သည္။ "အင္.."

ေျမေခြးေမႀကီး "အမွန္ေတာ့ ေျမေခြးနဲ႔ လူသားနဲ႔ေပါင္းစပ္ၿပီး ကေလးေမြးလို႔မရဘူး။ မင္းက ငါ့ရဲ႕ေသြးသားကေန သီးသန႔္ေမြးဖြားလာခဲ့တာ။ မင္းနဲ႔ မင္းအေဖမင္းႀကီးက ေသြးသားေတာ္စပ္မႈမရွိဘူး။ ဒါေပမယ့္လည္း မင္းကေတာ့ သူရဲ႕သားအျဖစ္ရွိေနတုန္းပဲ"

လ်စ္လ်ဴရႈထားတဲ့မ်က္ႏွာသြင္ျပင္နဲ႔ ေျမေခြးငယ္ေလးက ေခါင္းညိမ့္ျပလာခဲ့သည္။ "အင္.."

ေျမေခြးေမႀကီး "ဒါဆိုရင္ နန္းေတာ္ကို ျပန္သြားၿပီး ထီးနန္းကို ဘယ္လိုျပန္ယူလာရမလဲဆိုတာကို စဥ္းစားလာခဲ့..အေမက သားကို ေမွာ္အတတ္ကို ဘယ္လိုသုံးရမလဲဆိုတာကို သင္ေပးခဲ့ၿပီးၿပီ။ အဲ့ေတာ့ ဘယ္ဟာကို ဘယ္လိုသုံးရင္ သင့္ေတာ္မလဲဆိုတာကို ၾကည့္လုပ္လိုက္ေပါ့"

ေျမေခြးငယ္ေလးက ၾကက္ေပါင္ကိုစားရင္း ပါးစပ္အျပည့္ျဖင့္ ျပန္ေျပာလာခဲ့သည္။ "ေကာင္းပါၿပီ"

မြေခွေးလေးမှ မင်းကြီး၏ထီးနန်းအား နေ့တိုင်းလုယူခြင်း || ဘာသာပြန် ✅Where stories live. Discover now