အခန်း (၁၁)
2.4K 315 11
၁၁။
မြေခွေးငယ်လေးက ဆွဲခေါ်သွားခံရပြီး အိပ်ဆောင်ထဲကို ရောက်သွားပြန်သည်။
မင်းကြီးက ဝတ်စုံတစ်စုံကို ယူထုတ်လာခဲ့သည်။ "မင်း ဒါအရင်ဝတ်လိုက်"
မြေခွေးငယ်လေးက ဝတ်လိုက်သည်။
ပန်းထိုးထားသည့်ခမ်းနားသည့်ဝတ်ရုံရှည်၊ သက်တံ့ရောင်ရှိသောစကပ်၊ ယိမ်းခါနေသည့်မြစိမ်းရောင်ကျောက်လည်ဆွဲတို့ဖြင့် မြေခွေးငယ်လေးဟာ တုနှိုင်းစရာမရှိအောင်လှပနေသည်။ ကောင်းကင်မှကျလာသည့်အလားပင်။
မင်းကြီးက ဒူးထောက်လိုက်ပြီး မိဘုရားလေးရဲ့မင်္ဂလာဝတ်စုံကြိုးကို သူ့ပါးစပ်နားဖြင့် ကိုက်လိုက်ကာ နူးညံ့စွာပြောလာတော့သည်။ "မင်းရဲ့စကပ်အောက်က အစေခံလေးဖြစ်လာဖို့ ဆန္ဒရှိပါတယ်"
ကြောင်အနေတဲ့မြေခွေးလေးက ပြောစရာစကားပျောက်ရှနေတော့သည်။ "...."
မင်းကြီးက ကြည့်လိုက်ပြီး မေးလိုက်သည်။ "ဘာရှိသေးလို့လဲ?"
မြေခွေးလေး "ငါ့အမေပြောတာက သူလည်း အရသာရှိတဲ့အစားအသောက်တွေစားပြီး သေရည်ကောင်းကောင်းတွေ သောက်ရတဲ့ ပျော်ရွှင်စရာကောင်းတဲ့နေ့ရက်တွေကို ပိုင်ဆိုင်ချင်သေးတယ်တဲ့"
မင်းကြီးက လက်ဝေ့ယမ်းပြလိုက်ပြီး "ကိစ္စမရှိဘူး။ သူ့ကို မယ်တော်မိဘုရားကြီးဘွဲ့ပေးအပ်လိုက်မယ်"
မြေခွေးငယ်လေးက မြေခွေးမေကြီးပြောတဲ့ဆန္ဒတွေ အားလုံးပြီးမြောက်သွားပြီဆိုတဲ့အကြောင်း ကို သေချာတွေးလိုက်သည်။ "တခြားမရှိတော့ဘူး။ ထီးနန်းမလိုချင်တော့ဘူး"
မင်းကြီး "အရင်တုန်းက မြေခွေးမိစ္ဆာတွေက ပုံပြောင်းနိုင်တယ်လို့ ပြောဖူးတယ်မလား? မင်း မိန်းမအသွင်ပြောင်းလိုက်ရင် အခုပုံစံနဲ့ ကွာခြားသွားတယ်မလား?"
မြေခွေးငယ်လေးက သူ့မျက်နှာကို ပွတ်လိုက်တော့ မရင်းနှီးတဲ့မိန်းမရုပ်ရည်သွင်ပြင် ပေါ်ထွက်လာသည်။ "တစ်ခါကို နှစ်နာရီလောက်ပဲ ထိန်းထားနိုင်တယ်"
မင်းကြီး ခေါင်းညိမ့်လိုက်ပြီး "နှစ်နာရီဆိုလုံလောက်တယ်"
...
၁၁။
မြေခွေးလေးမှ မင်းကြီး၏ထီးနန်းအား နေ့တိုင်းလုယူခြင်း || ဘာသာပြန် ✅Where stories live. Discover now